Bill Gates ရဲ့ အောင်မြင်ရေး မဟာဗျူဟာ ၁၀ ခု (10 Success Strategines of Bill Gates)


၁။ အကောင်းမြင်ပါ

'အကောင်းမြင်ပါ'​ဆိုတဲ့ဝေါဟာရက ရိုးသလောက် နက်နဲတဲ့အဓိပ္ပါယ်ရှိတယ်။ 'အကောင်း'​နှင့် 'အမြင်'​နှစ်မျိုး ပေါင်းစပ်ထားတာ ဖြစ်တဲ့အလျောက် ကောင်းတဲ့ရှုထောင့်ကနေ အမျှော်အမြင် ရှိဖို့ဖြစ်တယ်။ ဆိုလိုတာက၊ အောင်မြင်ဖို့အတွက် အမြင်တစ်ခုတော့ရှိပါ၊ ဌင်းအမြင်က အကောင်းဘက်ကနေ ရှုထားတဲ့အမြင်ဖြစ်ပါစေ။

အကောင်းမြင်တတ်သူ တစ်ယောက်ဟာ အောင်မြင်ရေးအတွက် မျှော်လင့်ချက်တွေ ပွေ့ပိုက်ထားသူလည်းဖြစ်တယ်။ အကောင်းမြင်တတ်သူ တစ်ယောက်အတွက် ဆုံးရှုးံမှုဆိုတာ မရှိပါ။ ရင်ဆိုင်ရမယ့်အဖြစ်တစ်ခုခု (ဝါ)​ ရင်ဆိုင်သင့်တဲ့အခြေနေတစ်ခုခုကြုံပါလျှင် ရဲရဲ ရင်ဆိုင်တတ်တယ်။ နာမည်ကြီး Harvard University လိုမျိုး ဂုဏ်သိက္ခာရှိလှတဲ့ လမ်းကြောင်းကိုစွန့်၍ အခက်အခဲမြောက်များစွာ ရင်ဆိုင်ဖို့ဆုံးဖြတ်ကာ ကုပ္ပဏီတည်ထောင်ဖို့ ခြေလမ်း စလှမ်းလိုက်တဲ့ Bill Gates ဟာဆိုရင်၊ သူ့ရဲ့အကောင်းမြင်စိတ် သက်သက်ကြောင့်ပဲ ဖြစ်တယ်။

"အခုဘာမြင်နေလည်း? အောင်မြင်တိုးတက်ဖို့လာ? ကျရှုံးဖို့လား? သင်မြင်နေတဲ့ဟာ သင်ရမှာပါ။ ငါနောက်ပြန်လှည့်လေ့မရှိဘူး၊ ရှေ့မှာ ငါမြင်နေရတာတွေလည်း အကောင်းတွေပဲဖြစ်တယ်။"​ Bill Gates

၂။ မြန်မြန်သာ Boss ဖြစ်အောင် လုပ်ပါ

တတ်နိုင်သလောက် အမြန်ဆုံးလုပ်ရမယ့် အချက်တစ်ခုပါ။

Boss ဆိုတာ ပိုက်ဆံချမ်းသာမှ၊ အကြီးအကဲဖြစ်မှ ရ,​ရမယ့်နာမည် မဟုတ်ပါ။ ယခုလက်ရှိ သင်ဖြစ်နေတဲ့ဘဝမှာ သင် Boss ဖြစ်နိုင်ပါတယ်။ Boss မဖြစ်ချင်တဲ့သူလည်း မရှိသလောက်ပါပဲ။

ပိုက်ဆံ ၁၀၀ လက်ထဲမှာရှိနေရင် လိုအပ်သူ တစ်စုံတစ်ယောကို ၅၀ ချေးလိုက်ပါ။ သူလုပ်ချင်တဲ့အလုပ်တစ်ခု လုပ်နိုင်အောင် အထောက်အကူပြုပါစေ။ တတ်နိုင်တဲ့ဘက်ကနေ Boss ဖြစ်အောင် ဘာလို့ မလုပ်ပဲနေကြရမှာလဲ။ မက်နေတဲ့အိမ်မက် တစ်စုံတစ်ခုအတွက် အခု မ စ ပဲ ဘာလို့ လက်ပိုက်နေဦးမှာလဲ။အောင်မြင်တိုးတက်ဖို့ ခြေလမ်းမလှမ်းပဲ ဘာလို့ မတ်တတ်ရပ်နေဦးမလဲ။

"သင့်အိမ်မက် သင် အကောင်အထည် မဖော်လိုက်ရင်၊ တစ်စုံတစ်ယောက်က သူ့အိမ်မက်အကောင်အထည်ဖော်ဖို့ သင့်ကိုဌါးရမ်းအသုံးပြုမှာပဲ။"​ Bill Gates

၃။ ဆုံးရှုံးနှစ်နာဖို့ မကြောက်နဲ

လူတော်တော်မျာများ အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ကြခြင်းရဲ့ အဓိက တရားခံကတော့ နှစ်နာဆုံးရှုံးရမှာကို ကြောက်နေရတဲ့ အကြောက်တရားပဲဖြစ်တယ်။

အောင်မြင်တိုးတက်ခြင်း နှင့် နစ်နာဆုံးရှံးမှုကတော့ ဘဝရဲ့အနစ်သရပဲဖြစ်တယ်။ သင်ရှုံးနေသားလား၊ မပူနဲ့၊ ဒါသင်ခန်းစာပဲ။ သင်ခန်းစာရဲ့ သဘောသဘာဝက သင်ခန်းစာ များများ ပြီးလေ၊ ပညာ ပိုရလေ ပါပဲ။ အထပ်ထပ် အခါခါ သင်ခန်းစာ ပေါင်းစုံ ကျော်လွားခဲ့သူ တစ်ယောက်ရဲ့ အောင်မြင်မှုကတော့ ခိုင်မာတဲ့ အုတ်မြစ်ချထားပြီးသားပဲ။

"ငါ စာမေးပွဲ ကျဖူးတာပေါ့။ သယ်ရင်းတွေ ဘာသာစုံအောင်ကြတဲ့ချိန် ငါ ကျန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့တွေက Microsoft မှာ အင်ဂျင်နယ်တွေ ဖြစ်နေတဲ့အချိန်မှာ ငါ ပိုင်ရှင်ဖြစ်နေတယ်လေ။"​Bill Gates

၎။ ဘဝက ဇိမ်ခံဖို့မဟုတ်ပါ

"ဘဝဆိုတာကြီးက မျှမျှတတ ခံစားခွင့်ပေးဖို့ပါလို့ မယုံလိုက်မိနဲ့၊ သူ ဘာမှပေးမှာမဟုတ်ဘူး၊ သင်ပဲပေးဆပ်ရမှာ။ " Bill Gates

မိုးပေါ်က ငွေအလုံးအရင်းနဲ့ ကျလာမလား မမျှော်နဲ့။ နေ့ ည မ နားပဲသ ပေးဆပ်နေရင်တောင် ပြန်ရချင်မှ ရရမယ့်အဖြစ်မျိုး။ ဒီလို မလွယ်ကူတဲ့အဖြစ်ကိုက ဘဝရဲ့သဘောသဘာဝ။

ဒီသဘောသဘာဝကို လက်ခံပြီးမှသာလျှင် အောင်မြင်မှုသို့ ချီတက်သွားနိုင်မှာဖြစ်တယ်။ အောင်မြင်နေရင် ဇိမ်နေရမယ်လို့ မဟုတ်ပါ။ ဒီသဘောသဘာဝကို လက်ခံပြီးမှသာလျှင် အရာရာကိုလည်း အဟုတ်တိုင်း မြင်တတ်သွားမှာဖြစ်တယ်။

ဘဝက ဇိမ်ခံဖို့မဟုတ်ပါ။

၅။ သင်ကိုယ်တိုင် အသိအမှတ်ပြုပါ

လူတွေရဲ့အသိအမှတ်ပြုဖို့ ကြိုးစားနေရချိန် ကိုကိုယ်တိုင် အသိအမှတ်ပြုဖို့ မေ့နေတတ်ကြတယ်။ လူတွေက အသိအမှတ် မပြုရင်နေပါစေ၊ ကိုယ်ကိုယ်တိုင်ကိုတော့ အသိအမှတ်ပြုရပါမယ်။ လူတွေရဲ့အသိအမှတ်ပြုခြင်းက ရေနွေးငွေ့လိုပင်၊ အေးလာတာနဲ့ ပျောက်ကွယ်သွားပြီးသား။

"သင် အခါခါ ခလုပ်တိုက်ခဲ့တဲ့အပေါ် သံယောဇဉ်ထားပါ။ အာင်မြင်ခြင်း အတွက်အောင်ပွဲခံဖို့အရေးပါသလို၊ ကျရှုံးခဲ့ရာက ရလိုက်တဲ့သင်ခန်းစာအတွက်လည်း ဂုဏ်ယူတတ်ဖို့ပင်"​Bill Gates

သင် လုပ်နိုင်ခဲ့တဲ့ကိစ္စတစ်ခုအပေါ် အလေးအနက် ဂုဏ်ယူတတ်ပါ။ ကိုယ်တိုင်အသိအမှတ်ပြုတတ်ခြင်းရဲ့နောက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကြိုးစားအားထုတ်လိုမှုက လိုက်ပါလာမှာဖြစ်တယ်။

၆။ တုံ့ပြန်မှုကို ကြိုဆိုပါ

မကြိက်သူ ရှိနေတာက အဆန်းမဟုတ်၊
မုန်းတဲ့သူ ရှိနေတာက အထူးမဟုတ်၊
သို့သော်၊
ကြိုက်သူမရှိ၊ မုန်းသူလည်း မရှိ၊
ဘယ်သူဘယ်ဝါက သင့်ကိုမသိကြ၊
ဘယ်သူကမှ သင့်ကိုငရုမပြု၊
သင့်ရဲ့အလုပ်မှာ ဘာတုံ့ပြန်မှုတစ်ခုမှ မရလာရင်တော့၊
သိသိသာသာပဲ တိုးတက်မှုနုန်းနီးကွေးသွားမှာပဲ။

ကြိုက်တဲ့သူက အားသာတဲ့အချက်တွေမြင်နေတဲ့အချိန်၊ မုန်းတဲ့သူက အနည်းတဲ့အပိုင်းတွေထောက်ပြတယ်။ နှစ်မျိုးစလုံးက တိုးတက်အောင်မြင်ရေးအတွက် အထောက်အကူပြုတယ်။ အပြုသဘောဆာင်တဲ့ တုံ့ပြန်မှုက ခွန်အားဖြစ်နေတဲ့အချိန်၊ အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုကတော့ တိုးတက်ပြောင်းလဲဖို့ နည်းပြဆရာတွေ။ ဒီတုံ့ပြန်မှုနှစ်မျိုးလုံး လက်ခံတတ်မှ အောင်မြင်ရေးစံနှုံး အရှိန်နဲ့တက်လာမှာ။

"တို့တွေကို တုံ့ပြန်မယ့်လူ လိုနေတယ်။ ဒါမှသာလျှင် ငါတို့ဘယ်လိုနည်းလမ်းနဲ့ တိုးတက်မှုတည်ဆောင်ရမယ်ဆိုတာ သိလာရမှာဖြစ်တယ်။"​Bill Gates

တုံ့ပြန်မှုတွေကို လေးလေးနက်နက် ကြိုဆိုဖိတ်ခေါ်တတ်ခြင်းက အောင်မြင်တိုးတက်ဖို့အတွက် အလွန်ပင် အရေးပါအထောက်အကူပြုကြောင်းပါ။

၇။ နှိုင်းယှဉ်ရာမှာ မမှားပါစေနဲ့

လူ တစ်ယောက်ခြင်းဆီမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ်၊ မတူညီတဲ့ ကိုယ့်မွေးရာပါ ပါရမီတစ်ခုခြင်းစီနှင့်။

ငါးတွေ သစ်ပင်ပေါ်တက်ကစားမှာကို မျှော်နေဖို့ မဖြစ်နိုင်သလို မျောက်တွေလည်း ရေကူးဆော့နေမလားဟု မျှော်နေရင် ကိုယ်ပဲ 'ငအ'​ဖြစ်နေမှာ။ ဒါတွေက သူတို့ရဲ့အားနည်းချက် အားသာချက် နှင့်မဆိုင်ပါ။ သူတို့နေရာနဲ့သူတို့ မတူညီကြတဲ့အမူအရာတွေနဲ့။

"သင့်မှာရှိနေတဲ့အရည်အချင်းမျိုး သူ့မှာရှိရမယ်၊
သူ့မှာရှိနေတဲ့အရည်အချင်းမျိုး ငါ့မှာလည်းရှိရမယ်၊ " ဆိုတဲ့အတွေးမျိုး မတွေးမိဖို့ပင်။ ကိုယ်သာလျှင် ကိုယ့်အတွက် နှိုင်းယှဉ်စရာ၊ ကိုယ်သာလျှင် ကိုယ့်အတွက် ယှဉ်ပြိုင်စရာပါ။

"ဘဝမှာ တစ်စုံတစ်ယောက်နဲ့မှ မယှဉ်ပြိုင်၊ မနှိုင်းယှဉ်ပါနဲ့။ ဒါမျိုး နှိုင်းယှဉ်နေရင်တော့ သင်ကိုယ်တိုင် စော်ကားနေတာပါပဲ။ " Bill Gates

၈။ များများ ရအောင်လုပ်ပါ

ဒီနေရာမှာ ပိုက်ဆံဆိုလိုတာ မဟုတ်ပါ။

Dale Carnegie ရဲ့အတွေးအခေါ်က အခုထိအရေးပါဆဲပါ။ အစားထူးပေးမယ့် တွေ့ရှိချက်မထွက်ပေါ်သေးဘူး။ သူက"​သင် လူတွေအပေါ် လွမ်းမိုးမှု ဘယ်လောက်ရှိနေတယ် ဆိုတဲ့အပေါ်၊ သင်ဘယ်လောက် အောင်မြင်နေတယ်၊ ဘယ်ထိဆက်ပြီး အောင်မြင်သွားမယ်ဆိုတာ ခန့်မှန်းဖို့ မခဲရင်းတော့ပေ။"​ တနည်းဆိုရရင် ပေါင်းသင်းဆက်ဆံရေးပေါ့။

သင့်မှာ ပရိတတ် ဘယ်နှစ်ယောက်ရှိလဲ။ သင်ပြောရင် နားထောင်ပေးမယ့်လူ သင့်မှာ ဘယ်နှစ်ယောက်ရှိလဲ။ သင့်ရဲ့ လူမှုကွန်ယက်က ဘယ်အတိုင်းအတာမှာရှိနေလဲ။ လူမှုကွန်ယက် မြင့်တင် ပွါးများအောင် လုပ်တာက အောင်မြင်ရေးအတွက် အလွန်ပင်အရေးပါတဲ့ လုပ်ငန်းတစ်ခုပဲ။ သင့်လုပ်ငန်းကွန်ယက်က ဘယ်အတိုင်းအတာမှာရှိနေလဲ။ အခုပဲတိုးချဲ့ဖို့ပြင်ဆင်လိုက်ပါ။ 

"​သင့်ရဲ့လုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ အတာနက်ကွန်ယက်မှာ တည်ဆောက်လိုက်စမ်းပါ၊ မဟုတ်ရင် သင့်လုပ်ငန်း မြီးမြိန်သွားမှာပဲ။ ။"​Bill Gates

၉။ သင်ခန်းစာယူပါ

"သင့်ထုတ်ကုန်အပေါ် ကျေနပ်အားရမှုမရှိတဲ့ သင့်ရဲ့ဖောက်သည်တွေလောက် အရေးပါတဲ့ သင်ခန်းစာ ယူစရာမရှိ။ "​Bill Gates

လိုအပ်ချက်၊ အားနည်းချက်တွေကို ပြောင်းလဲပြုပြင်ဖို့ ဆရာသမားကောင်းတစ်ခုကတော့ ကိုယ့်ရဲ့ဖောက်သည်တွေပါပဲ။ ကိုယ့်ရဲ့ ပရိသတ်, ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်,​ကိုယ်ရဲ့ ပတ်ဝန်းကျင်ရဲ့ တုန့်ပြန်မှုကနေ သင်ခန်းစာ ယူတတ်ရပါမယ်။ သင်ခန်းစာယူတတ်ဖို့ တုံ့ပြန်မှုတိုင်းကို လေးလေးနက်နက် လက်ခံတတ်ရမယ်။ လက်ခံရုံနဲ့မပြီးပဲ တိုးတက်အောင်မြင်ဖို့အတွက်ကိုယ့်ကိုယ်ကိုပြုပြင်ဖို့ရာအတွက် အသုံးပြုတတ်ရမယ်။

တုံပြန်မှုကိုလက်ခံရာကနေ သင်ခန်စာယူရာသို့ တစ်လမ်းတက်နေခြင်းမှ အောင်မြင်ခြင်းသို့။ 

၁၀။ စိတ်ရှည် သည်းခံနိုင်စွမ်း

စိတ်တိုလွယ်ရင် ခေါင်းဆောင်မလုပ်နဲ့၊
စိတ်ညစ်လွယ်ရင် စီးပွါးရေးမလုပ်နဲ့၊
စိတ်ဓါတ်ကျလွယ်ရင် နိုင်ငံရေးမလုပ်နှင့်။

အရာရာမှာ အောင်မြင်နိုင်ဖို့အတွက် အဓိကအရေးပါတဲ့ အချက်တစ်ခုကတော့ 'စိတ်ရှည် သည်းခံခြင်း'​ပါပဲ။ စိတ်မရှည် သည်းမခံနိုင်လို့ အသက်ပါ ရက်စက်သွားရှာတဲ့လူ မနည်းတော့ပါ။

အမှန်တိုင်းဝန်ခံကြမယ် ဆိုရင်၊ ဘယ်သူမှ စိတ်ရှည်တဲ့သူ မရှိပါ။ စိတ်တိုတဲ့အချိန် ထိန်းနိုင်သောသူနဲ့ မထိန်းနိုင်သောသူ သာလျှင် နှစ်မျိုးပဲ ရှိပါမယ်။ ထိုနည်းလည်းကောင်းပဲ၊ စိတ်မတိုတတ်ရင် မူမှန်စိတ်မဟုတ်လို့ပဲ ဖြစ်ပါမယ်။ စိတ်တိုတတ်တာ ကိစ္စမဟုတ်ပါ။ သိုသော် သည်းခံစွာနဲ့ ရင်ထဲမှာ မျိုသိပ်ထား တတ်တာက အောင်မြင်ရေးအတွက် အလွန်ပင်အရေးပါပါတယ်။ ထိုကဲ့သို့ မျိုသိပ်ထားခြင်းအားဖြင့်၊ ပေါင်းသင်းဆက်ဆံရေးနှင့် လုပ်ငန်းဆိုင်ရာကွန်ယက်အသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြသာနာ တော်တော်များများကို ထိန်ချုပ်တားမြစ်နိုင်ကြောင်းပါ။ ထို့ကြောင့် စိတ်ရှည်အောင် ကျင့်ထားပါ။

"စိတ်ရှည် သည်းခံတတ်တဲ့ စိတ် ကတော့ အောင်မြင်ရေးအတွက် သော့ချက်ပဲဖြစ်တယ်"​ Bill Gates

ထို စိတ်ရှည် သည်းခံခြင်းကိုလည်း ဖြည်းဖြည်းချင်းနဲ့ ကြိုးစားလေ့ကျင့်လို့ရတဲ့ အကျင့် တစ်မျိုးပါ။ အောင်မြင်ချင်တာနဲ့ ချက်ခြင်းကျင့်ထားပါ။

Bill Gates (Founder of Microsoft) 

Gates_Notes မှ ကောက်နုတ်တင်ပြခြင်းဖြစ်သည်။
Share:

0 coment�rios:

Post a Comment