သူဘယ်လို ထိပ်ဆုံးထိတက်နိုင်တာလဲ


2009 Britain's Got Talent ပြိုင်ပွဲအပြီး ယနေ့ထိ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိတတ်တွေရဲ့ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲကျန်ရစ်နေတဲ့ ပြိုင်ပွဲရှင်တစ်ဦးရှိနေလျက်ပါပဲ။ သူကတော့ Winner မဟုတ်သလို နာမည်ကျော်ခဲ့ဖူးသူ တစ်ယောက်လည်း မဟုတ်ပါ။ ဒါပေမယ့် သူ ဆိုသွားခဲ့တဲ့ သီချင်း video ကိုတော့ လူသန်းပေါင်း ၆၀ ကျော်ကကြည့်ရှုပြီး နားထောင်သူတွရဲ့နှလုံးသားထဲကို နက်နက်ရှိင်းရှိင်း စီးဝင်သွားခဲ့တာအမှန်ပင်။

သူ့ရဲ့အောင်မြင်မှုနှင့်ပတ်သက်လို့ ပရိတတ်တွေရဲ့ စိတ်ဝင်စားမှုကတော့ အံ့မခန်းပါပဲ။ ဘာ့ကြောင့်ပါလိမ့်။ Winner အဖွဲ့တောင်မှ သူလောက် နာမည်မရရုံမက၊ 2009 မှ အခုထိ သူသာလျှင်သူပဲ ဖြစ်နေရတာ ဘာကြောင့်ပါလဲ။

အကြောင်းရှိပါသည်။

1961 April 1 နှစ် သူ မွေးလာတုန်းကပေါ့၊ အောက်ဆီဂျင်နဲ့ဆက်တိုက် ကုသခံရကာ နေက်ဆုံးမျှော်လင့်ချက်တွေပါ ကုန်ခန်းနေတာ့မှ ပြန်လည်ကောင်းမွန်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ဌင်းဒဏ်ကြောင့် သူ ကျန်းမာရေး အခက်အခဲပေါင်းစုံ အကြိမ်ကြိမ် ဖြတ်သန်းလာခဲ့ရတယ်။ ကျောင်းနေအရွယ် ရောက်တော့လည်း သူ့မိဘတွေမျက်နှာငယ်ရပြန်ပါတယ်။ တစ်ခြားကလေးတွေနဲ့မတူ ထုံပီပီနှင့် အလွန်ပင်နှေးကွေးလှတဲ့အတွက် ကျောင်းနေဖက် သူငယ်ချင်းတွေက 'ငပေါမ'​(Susie Simple) ဟုခေါ်ကြပါတယ်။ တစ်ခြားသော ကောင်မလေးတွေလို ဆံပင်ဖီး အလှပြင်လေ့မရှိ၊ တကယ်ဘဲ ခပ်ပေါပေါ တစ်ယောက်လို နေလိုက်တဲ့အတွက် သူ့အတွက် သူငယ်ချင်းရဖို့အလွန်ပင်ခက်ခဲလှတယ်။ သူငယ်ချင်းမရှိရုံမက လှောင်ပြောင်ခြင်းတွေရဲ့ဒဏ်ရာတွေကြောင့် မျက်ရည် တဝဲဝဲနဲ့ အိမ်ပြန်လာရတဲ့ရက်တွေက မနည်း ဖြတ်သန်းခဲ့ရတယ်။ အနှိမ်ခံ၊ သရော်ခံ၊ ဘဝနဲ့ကြီးပြင်းလာခဲ့တဲ့သူက၊ တစ်ချို့သောသူ့ အတွေ့အကြုံတွေဆို ယနေ့ထိပင် သူ့နှလုံးသားထဲမှာဆူးဆူးရှရှ နာကျင်နေဆဲဖြစ်ကြောင်း The Telegraph ဂျာနယ်နဲ့ interview တစ်ခုမှာ ဖွင့်ပြောခဲ့ဖူးပါတယ်။

တကယ်ပဲ သူ့မှာအဖော်မဲ့နေတာ ယနေ့အထိပါ။ သူ Britain's Got Talent ပြုင်တုန်းက အသက် ၄၇ ရှိနေပြီဖြစ်ပေမယ့် ရည်းစားမရှိ၊ အနမ်းတောင်မခံရဖူးသူ၊ အလုပ်မရှိအကိုင်မရှိနှင့် အရွယ်သာ ရင့်နေသူဖြစ်တယ်။

1997၊ သူ့အမေကွယ်လွန်သွားတဲ့အချိန်တုန်းကဆို သူစိတ်ပျက်လွန်းတဲ့အတွက် တစ်ပတ်လုံးလုံး သူ့အိပ်ခန်းထဲကနေအပြင်မထွက်၊ သူ့ လက်ကိုင်ဖုန်းပါ ပါဝါပိတ်ကာ ဘယ်သူဘယ်ဝါနဲ့မှ အဆက်အသွယ်မလုပ်ပဲနေလိုက်ပါတယ်။

သူ့ဘဝအရှုံးပေးဖို့ သူကမ်းနားကပ်နေပါပြီ။ သီချင်းဆိုဝါသနာပါပေမယ့် Church Choir နှင့် Karaoke လောက် ကလွဲရင် အဆင့်တက်မလာနိုင်ဘူး။ သူ့မှာ အရည်အချင်းမှမရှိတာ။ ဘယ်သူမှ သူအသံကောင်းကြောင်း ပြောတဲ့သူမရှိ။ ဖျော်ဖြေပွဲတွေမှာလည်း တစ်ခါမှ ဖိတ်ထားခြင်းမခံရဖူးဘူး။ ဘာကြောင့်လဲ။ သူ့ကို လူတွေက 'ငပေါ'​လို့ပဲ မြင်ကြတာလေ။

ဒီလိုအခြေနဲ့ရုန်းကန်ကြိုးစားရာ အလွန်ပင်အားငယ်နေတဲ့အချိန်မှာပဲ သူ့စိတ်ဓာတ်ပြန်လည်နိုးထလာစေတဲ့ အဖြစ်အပျက်တစ်ခုနှင့် သူကြုံတွေ့ခဲ့ပါတယ်။ အဲဒါကတော့ ကဂန္တဝင် တေးရေးဆရာClaude Micel  ရဲ့ လက်ရာတော် သီချင်းတစ်ပုဒ် ပြန်လည်သီဆိုဖို့အခွင့်ရလိုက်ခြင်းပါပဲ။ သီချင်းက လူကြိုက်များနေတဲ့သီချင်း မို့လို့ သူ့အတွက်အခွင့်အရေး တက်လာမယ်လို့ သူ ယုံကြည်လိုက်လို့ သူ့မျှော်လက်ချက် ပြန်လည်ရှင်သန်လာတာမဟုတ်ပါ။

သီချင်းခေါင်းစဉ်က 'I Dreamed a Dream' တဲ့။ ရှေးခေတ်စာရေးဆရာကြီး Victor Hugo ရဲ့ကဗျာတစ်ပုဒ်ကို အခြေခံပြီးရေးစပ်ထားတာ။ သီချင်းစာသားက သူ့အကြိုက်။ သူအကြိမ်ကြိမ်ရွက်ဆိုရင်း ပိုပိုပြီး အနှစ်သာရတွေခံစာတတ်တာက သူ့အတွက် အားဆေးတစ်ခွက်လို။ သီချင်းသံစဉ်ကိုလည်း အလွန်ပင် သူ နှစ်သက်မိ။ ဒီလိုပဲ သူ့အတွက်အဓိပ္ပါယ်ရှိလှတဲ့ သီချင်းတစ်ပုဒ် ဆိုလိုက်ရတာကိုက သူအတွက် အတိုင်းထက်လွန်သော ဂုဏ်ယူကျေနပ်မှုပင်။ 

2009 ကျတော့ သူ့ရဲ့ ပထမစီးရီးခေါင်းစဉ်အဖြစ် 'I Dreamed a Dream' ပဲပေးထားကာ သီချင်းအခွေထုတ်လိုက်ပါတယ်။ မထင်မှတ်ပဲနှင့် လူတွေရဲ့အကြိုက်တွေ့ကာ UK မှာအရောင်းရဆုံးအဖြစ်နှင့် US မှာ ဒုတိယအရောင်းရဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့တယ်။ ယခုအချိန်မှာဆို ဒီသီချင်းရောင်းရငွေ သန်းပေါင်း 6.2 ပေါင် ရနေပြီဖြစ်တယ်။

သူ့နာမည်က တခြားမဟုတ်ပါ။

ကမ္ဘာကျော်အဆိုတော် တစ်ယောက်အဖြစ် အသတ်မှတ်ခံခဲ့ရပြီဖြစ်တဲ့ Scottish လူမျိုး Susan Boyle ပါပဲ။ Net Worth Post ရဲ့ စုံစမ်းချက်အရ လက်ရှိ သူ့ရဲ့ပိုင်ဆိုင်မှုပမာဏဟာ ဒေါ်လာ သန်း 35 ထက်မနည်းဘူးလို့ သတ်မှတ်နေပြီဖြစ်တယ်။ လှောင်ပြောင်ကဲ့ရဲ့ခြင်းကြောင့် ရလိုက်တဲ့ဒဏ်ရာတွေတောင် အနာမကျက်သေးဘူး၊ သူ ထိပ်ဆုံးမှာရောက်နေပြီ။

The Press And Journal အဖွဲ့မှ interviews ရာတွင် Susan က၊ 
"Britain's Got Talent ရဲ့ Champion ဆုမဆွတ်ခူးလိုက်လို့ ဝမ်းမနည်းပါ။ ဘာပဲပြောပြော ခက်ခဲမှုမျိုးစုံကြားက နှစ်ပေါင်း 40 ကျော်ခုခံ ကြိုးစားခဲ့တဲ့အပေါ် ဂုဏ်ယူနေပြီးသားပါ။ ကြိုးစားတယ်ဆိုတဲ့အရာက ဝါသာနာပါမှုနှင့် ပေါင်းစပ်လိုက်လို့သာ နောက်မတွန့်တတ်တာ ဖြစ်ပါလိမ့်မယ်"တဲ့။ 

ငပေါ Susan ရဲ့ အောင်မြင်းမှုသော့ချက်ကတော့ 'ငပေါ'​ဆိုတဲ့ အမှတ်တံဆိပ် ရနေခြင်းပင်။ လူတကာနဲ့မတူ တမူထူးခြားပြီး လူတွေရဲ့အမြင်မှာ 'ငပေါ'​ ဖြစ်နေပေမယ့် သူ့အခြေနေနဲ့သူ၊ သူစတိုင်နဲ့သူ၊ သူ့လမ်းသူလျှောက်၊ ဘယ်သူ့ကိုမှ အတုမခိုးသလို၊ ဘယ်သူဘယ်ဝါက ဘယ်လိုဝေဖန်ကြသည်ဖြစ်စေ မတုန်းလှုပ် မခြေက်ခြားတတ်ပဲ ဖြည်းဖြည်းခြင်းနဲ့ မှန်မှန်သာ သူ့ပါရမီပါရာကို ဝါသာနာ ပါပါနဲ့ ဆက်လျှောက်တတ်တဲ့အကျင့်က သူ့မှာရှိနေလို့ပင်။ 

တစ်ခါတစ်လေ ပတ်ဝန်းကျင်လွမ်းမိုးမှု၊ ကဲ့ရဲ့မှုတွေကြောင့် လူတော်တော်များများ ရှေ့မဆက်တော့ပဲ တစ်သက်လုံးနားနေတတ်ကြပေသည်။ အောင်မြင်ဖို့ဆိုရင်တော့ ဒါတွေကို လစ်လျူရှုတတ်ရပါမယ်။ အညံ့ဖြင့်ဆုံးလို့ လူတော်တော်များများ ပြောခြင်းခံရသူတွေထဲက ကမ္ဘာကျော် သိပ္ပံပညာရှင်၊ ကမ္ဘာကျော်သူဌေး၊ ခေါင်းဆောင် တွေ ဖြစ်သွားတဲ့လူ ရေတွက်မရနိုင်လောက်အောင် များပြားနေတာအမှန်ပင်။ အဓိကအချက်ကတော့ သင့်မှာ အရည်အချင်း၊ ပါရမီ တစ်စုံတစ်ခု ရှိကိုရှိနေတယ်ဆိုတာ လုံးဝ ငြင်းလို့မရဘူး။ ထို အရည်အချင်း၊ ပါရမီကိုတော့ လူတွေကြောင့် ပျက်ပြဲမသွားပါစေနှင့်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သင် ဖော်ထုတ်ခွင့်ရလာမှာဖြစ်တယ်။ 

သို့သော်၊ သင့်မှာ ဘာပါရမီ၊ ဘယ်လိုအရည်အချင်းမျိုး ရှိနေမှန်းမသိရင်တော့ အောင်မြင်ရေးနှင့် အမြဲတမ်းအလှမ်းဝေးနေရလိမ့်မယ်။ ဒါကို သိဖို၊ လက်ခံတတ်ဖို့ဆိုရင် ကျန်တော်တို့ရဲ့ Wining Life စာမျက်နှာမှာတင်ထားတဲ့စာတွေက အလွန်ပင်အထောက်အကူပြုလာမှာဖြစ်တယ်။

ကျေးဇူးတင်ပါတယ်။ 


'I Dreamed a Dream' Susan Boyle, 
Youtube Offical Video Link, Britain's Got Talent




Share:

0 coment�rios:

Post a Comment