သိချင်စဖွယ် တရုတ်နှစ်သစ်ကူးအကြောင်း ၁၀ ချက် (10 Interesting Things About Chinese New Year)


တရုတ်နှစ်သစ်ကူးဆင်နွဲသူ ရာခိုင်နုန်းအားဖြင့်ကြည့်ရင် တစ်ကမ္ဘာလုံး၏ ၂၀ ရာခိုင်နုန်းကျော်နေပြီဟု ဆိုပါသည်။ တရုတ်လူမျိုးတွေရဲ့ ရုံးပိတ်ရက် အသီးသီးတွေထဲမှာ နှစ်သစ်ကူးပိတ်ရက်က အရေးပါဆုံးနှင့်တန်ဖိုး အထားရဆုံးသော ရုံးပိတ်ရက်ဖြစ်သည်။ ဤပိတ်ရက်ဆိုင်ရာ သိချင်စဖွယ်အချက် ၁၀ ခု ထုတ်ဖော်ရေးသားလိုပါသည်။

၁။ တရုတ်နှစ်သစ်ကူး၏ အခြားနာမည်

တရုတ်နှစ်သစ်ကူးကျရောက်သည့်ကာလဟာ ဆောင်းအကုန် နွေအကူး, ​ကြားကာလမှာ ကျရောက်လေ့ရှိသည်။ နှစ်သစ်ကူးပွဲ ရောက်လာတိုင်း 'chunjie' ဆိုသည့် ပြောသံတွေကြားနေမြဲဖြစ်ပြီး အဓိပ္ပါယ်က နွေဦးပွဲတော်ဟု သိရပါသည်။ နှစ်သစ်ကူးကာလကျော်လာရင် နွေဦးကာလသို့ ကူးပြောင်းတော့မှာမို့လို့ နွေကိုကြိုဆိုကာ အဟောင်းတွေကိုစွန့်၍ အသစ်တဖန်ပြန်လည်စတင်သည့် သဘောကိုဆောင်ပါသည်။ ထို့ကြောင့် တရုတ်နှစ်သစ်ကူးဟာ နွေဦးပွဲတော် ဟု လည်း ခေါ်နေကြခြင်းဖြစ်သည်။ တစ်ချို့နိုင်ငံ (ဥပမာ တောင်ကိုးရီယား နှင့် မြောက်ကိုးရီးယား နိုင်ငံ၊ ဗီရက်နမ်နိုင်ငံ စသည့် နိုင်ငံတွေမှာလည်း Lunar နှစ်သစ်ကူးဆိုပြီး ကျင်းပလေ့ရှိသည်။ အကြောင်းမှာ သူတို့ရဲ့ နွေဦးပွဲတော်က Lunar ပြက္ခဒိန်အတိုင်း သွားနေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် တရုတ်နှစ်သစ်ကူး (Chinese New Year) သည် နွေဦးပွဲတော် (Spring Festival) ဟုလည်း ခေါ်နေကြခြင်းပင်။


၂။ တရုတ်နှစ်သစ်ကူးကျရောက်သည့်နေ့ အတိအကျသတ်မှတ်ထားခြင်းမရှိ

Gregorian ပြက္ခဒိန်အတိုင်းသွားသည့် နိုင်ငံတွေလို တရုတ်နှစ်သစ်ကူးကိုတော့ ရက်အတိအကျ သတ်မှတ်ထားခြင်းမရှိပါ။ Lunar Calendar ဟုခေါ်သည့် တရုတ် ပြက္ခဒိန်အရဆိုရင် နှစ်သစ်ကူးပွဲတော်ဟာ ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက်၊ လပြည့်သည်အထိ ဖြစ်ပါသည်။ ထို့ကြောင့် Gregorian ပြက္ခဒိန်အတိုင်းကြည့်ရင် တရုတ်နှစ်သစ်ကူးကာလဟာ ဇန်နဝါရီ ၂၁ ကနေ ဖေဖဝါရီ ၂၀ အတွင်းကျရောက်သည်။ ယခုနှစ်၊ ၂၀၁၉ မှာဆိုရင် ဖေဖဝါရီ ၅ ရက်နေ့တွင် တရုတ်နှစ်သစ်ကူးနေ့ ကျရောက်သည်။ တစ်ကမ္ဘာလုံးနီးပါးမှာ သုံးနေသည့် Gregorian ပြက္ခဒိန်အတိုင်းသုံးဘို့ တရုတ်နိုင်ငံက တရားဝင်ကြေငြာခဲ့ဖူးသော်ငြားလည်း ယနေ့အထိပင် Lunar ပြက္ခဒိန်က လွမ်းမိုးနေဆဲပဲဖြစ်သည်။ အရေးပါသည့် ရုံးပိတ်ရက်မှန်သမျှ Lunar ပြက္ခဒိန်အတိုင်း သွားနေတုန်းပဲဖြစ်ပြီး လူတော်တော် များများက သူတို့အသက်နှင့် မွေးသက္ကရာဇ်ပင် Lunar ပြက္ခဒိန်အတိုင်းပဲ မှတ်ထားကြပါသည်။


၃။ ဘုရားရှိခိုး၊ ဆုတောင်းသည့်ကာလ

တရုတ်နှစ်သစ်ကူး ကာလဟာ ဘုရားရှိခိုး၊ ဆုတောင်းသည့် ကာလလည်းဖြစ်ပါသည်။ နှစ်သစ်မှာ အရာရာအတွက် ကောင်းးသောအကျိုးဆက်များ ပေါ်လာနိုင်ဘို့ရာအတွက် နည်းလမ်းအမျိုးမျိုးနှင့် ပူဇော်ဆက်ကပ်ခြင်းတွေ လုပ်နေကြပါသည်။ သူတို့ရဲ့ မိဘ၊ ဘိုးဘွား​ဘေဘင်တွေကို ပူဇော်ကန်တော့အကြလေသည်။

၎။ ဘီလူးနှင့်ထိုးသတ်ခြင်း

တရုတ်နှစ်သစ်ကူးနှင့်ပတ်​သက်ရင် စိတ်ဝင်စားစရာကောင်းလှသည့် ဒဏ္ဌရီ ပုံပြင်တွေရှိပါသည်။

Nian လို့ခေါ်သည့် ကြောက်မက်ဖွယ် ဧရာမသတ္တဝါကြီး ရှိပါသတဲ့။ ထို သတ္တဝါ (ဘီလူး)​ ဟာ နှစ်သစ်ကူးကာလမှာ ပေါ်လေ့ရှိသည့်အတွက် လူတွေဟာ အိမ်ထဲမှာပဲပုန်းအောင်းနေကြရပါသည်။ (Nian ကိုကြောက်သည့်အတွက် ယနေ့ထိပင် နှစ်သစ်ကူးရောက်ရင် အိမ်အပြင်ဘက် သိပ်မထွက်ကြပေ။)

သို့သော်၊ တစ်ယောက်သော ကောင်လေးက ငါမကြောက်ဘူး၊ ထိုဘီလူးကိုတွေ့ရင် ဗျောက်အိုးဖောက်ပြီး သတ်ပစ်မည်ဟုဆိုကာ အိမ်ထဲမပုန်းပဲနဲ့ အပြင်ထွက် စိန်ခေါ်ခဲ့ပါ သတဲ့။ လူတွေက ဒီ ငအ ရဲ့အလောင်းကိုရှင်းဘို့ ပြင်ဆင်ရုံပဲရှိတော့သည် ဟု အချင်းချင်းစကားဆိုနေကြချိန်မှာ ကောင်လေးမသေပဲ မနက်မိုးလင်းသည့်အချိန် သူ့အိမ်ကိုအကောင်းတိုင်း ပြန်လာပါ သည်။

ထို ကောင်လေးရဲ့ အောင်မြင်မှုကို ချီးကျိုးခြင်းအားဖြင့် ဗျောက်အိုးဖောက်ကာ အောင်ပွဲခံကြပါသည်။ ထို အကျင့်ကို ယနေ့အထိ ပါလာကာ နှစ်သစ်ကူးရောက်တိုင်း ဗျောက်အိုးတွေဖောက်နေကြခြင်းပင်ဖြစ်သည်။ ထိုသို့ ဗျောက်အိုးတွေဖောက်၊ မီးတွေပွင့်ခြင်းအားဖြင့် မကောင်းဆိုးရွားမှန်သမျှ အန်တုနိုင်သည်ဟု ယုံကြည်ကြသည်။

(သို့သော် လေထု ညစ်ညမ်းမှုလျှော့ချရေးကို ရည်ရွယ်ကာ နေရာတော်တော်များများမှာ ဒီလိုမီးအိုး (ဗျောက်)​ ဖောက်ခြင်းကို ပိတ်ပင်နေပြီဖြစ်သည်။ (ဥပမာ Beijing မြို့ မှာဆိုရင် ပြီးခဲ့သည့် ၁၃ နှစ်ကတည်းက ပိတ်ပင် တားဆီးခဲ့ပြီး ဖြစ်ပါသည်။)


၅။ တရုတ် ရုံးပိတ်ရက်တွေထဲမှာ နှစ်သစ်ကူးပိတ်ရက်က အရှည်ဆုံးဖြစ်နေ

တရားဝင် ပိတ်ရက်အနေဖြင့် ၁၅ ရက်ဖြစ်ပါသည်။ သို့သော် ပိတ်ရက်အကြိုနဲ့ ပိတ်ရက်အလွန် ပွဲတွေနဲ့တွက်ရင် ရက်ပေါင်း ၄၀ လောက်ကို တရုတ် နှစ်သစ်ကူးပိတ်ရက်ထဲ ပါသွားပါသည်။ တရုတ်လူမျိုးများ၏ ရိုးရာယာဉ်ကျေးမှုအရ ဤနှစ်သစ်ကူးပိတ်ရက်မှာ မိသားစုတွေအတူ နေရမှာဖြစ်ပြီး နှစ်သစ်ကူးပိတ်ရက် ၅ ရက်မြောက် နောက်ပိုင်းကျမှပဲ မိသားစု (အိမ်)​ နဲ့ခွဲခွါသွားခွင့်ရှိပါသည်။ ထို့ကြောင့် နှစ်သစ်ကူးရောက်တိုင်း ကိုယ်နေသည့်အရပ်ကနေ အမိအိမ်ကို ပြန်လာကြပြီး မိသားစုစုံစုံလင်လင်နှင့် နှစ်သစ်ကူး ဖြတ်သန်းကြပါသည်။

ထိုသို့ မိသားစု စုံစုံလင်လင် ဆုံတွေ့နေသည့် နှစ်သစ်ကူးပွဲတော်ကာလမှာ နှစ်သစ်ကူးအစားအစာ ဖြစ်သည့် ပေါက်စီ (dumpling) ကို အလေးတစား စားလျက်ရှိပါသည်။ ထို့အပြင် Tuanyuan/tuanyuan မုန့် (အဓိပ္ပါယ်က ပြန်လည်ဆုံဆည်းခြင်း) လို့ခေါ်သည့် အရည်ထဲစိမ်စားရသည့် မုန့်လုံးတစ်မျိုး၊ Nian gao (အဓိပ္ပါယ်က အောင်မြင်ခြင်း)​ လို့ခေါ်သည့် ဆန်နဲ့ပြုလုပ်ထားသည့် မုန်းတစ်မျိုး နှင့် Fa gao (fa ဆိုသည့် စကားလုံးက fa cai နှင့်အဓိပ္ပါယ်တူပြီး 'ချမ်းသာခြင်း/ချမ်းသာပါစေ ဟု အဓိပ္ပါယ်ရှိပါသည်)​ လို့ခေါ်သည့် ပင်လယ်အစားအစာနှင့် ထောပတ်ရောမွေထားသည့် မုန့်တစ်မျိုး စသည့် နှစ်သစ်ကူး မုန့်တွေလည်း မဖြစ်မနေ စားကြပါသည်။


၆။ လူပျိုတွေက ရည်းစားအတု ဌားလေ့ရှိ

တရုတ်နှစ်သစ်ကူး ကာလမှာ ရည်းစားမရှိသည့် ကောင်လေး၊ ကောင်မလေးတွေက ရည်းစားအတု ရှာကာ သူ့အိမ်ကိုခေါ်ပြလေ့ရှိသည်။ ယခုနှစ်မှာဆိုရင် ရည်းစားအတု ငှားဘို့အတွက် တစ်ရက်ကို $ ၁၄၅ ဈေးလောက်ရှိသည်ဟု ဆိုသည်။ ဒါဟာလည်း စိတ်ဝင်စားဖွယ်ကောင်းသည့် တရုတ်နှစ်သစ်ကူးရဲ့ ထူးခြားချက် တစ်ခုလို့ပဲ ပြောရမည်ဖြစ်သည်။


၇။ ရေမချိုးရ၊ အမိုက်မပစ်ရ၊ တံမြက်စည်းမလှည်းရ

နှစ်သစ်ကူး ကာလတလျှောက်လုံး ရေမိုးချိုးခြင်း မလုပ်ရပါ။ တကိုယ်ရေ သန့်စင်ဖို့အတွက် နှစ်သစ်ကူး မရောက်ခင် သေချာဆောင်ရွက်ထားရမည်ဖြစ်သည်။ ရေမိုးချိုးခြင်းကို မလုပ်ရသည့်အပြင် တံမြက်စည်းလှည်းခြင်း၊ အမိုက်စွန့်ခြင်းများ မပြုရပါ။ သို့သည်းမဟုတ် ဆံသခြင်း၊ ဓါး,​ကပ်ကြေး စသည့် ရှစေသည့် လက်နက် တစ်ခုခုနှင် အလုပ် တစ်ခုခု လုပ်ကိုင်နေခြင်း၊ အချင်းချင်း ရန်ဖြစ်,​စကားများခြင်း,​အကုသိုလ် ဖြစ်စေမည့် အပြုအမူ တစ်ခုခု ပြုမူ ဆောင်ရွက်ခြင်းများကို နှစ်သစ်ကူးကာလမှာ မလွဲမသွေ ရှောင်လွဲရမည် ဖြစ်သည်။

နှစ်သစ်ကူးကာလ ၅ ရက်ကျော်လာပြီးတာနဲ့ လုပ်ခွင့်ရပါပြီ။ ဒါတွေလည်း တရုတ်နှစ်သစ်ကူး၏ စိတ်ဝင်စားစရာ ထူးခြားချက်တွေပါပဲ။


၈။ တရုတ်နှစ်သစ်ကူးကာလနှင့် အနီရောင်

တရုတ်နှစ်သစ်ကူးကာလရောက်ရင် နေရာတိုင်းလိုလိုမှာ အနီရောင်နဲ့ အလှဆင်လေ့ရှိသည်။ အနီရောင်နှင့် ပြုလုပ်ထားသည့် sticker ကအစ၊ အဝတ်အစား၊ အောက်ခံဘောင်းဘီအထိ အနီရောင်သုံးသည်။ တရုတ်တွေ၏ အယူအစအရ အနီရောင်သည် ရန်သူကိုနှိမ်နင်းစေသည်၊ အနီရောင်​သည် ကံကောင်းစေသည်၊ အနီရောင်သည် အောင်မြင်စေသည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့် နှစ်သစ်ကူးကာလ ရောက်လာတိုင်း အိမ်တံခါးဝမှာ Nian ဆိုသည့် ဘီလူးကြီးမောင်းထုတ်ဖို့ အနီရောင်နဲ့ ပြုလုပ်ထားသည့် sticker ကပ်လေ့ရှိသည်။ ထို sticker မှာ fu ဟုရေးထားကာ ပျှော်ရွင်ခြင်း၊ ကံကောင်းခြင်းဟု အဓိပ္ပါယ်ရပါသည်။ Ming dynasty (Ming ဘုရင်ခေတ်)​ တုန်းက ဤ sticker ကို အိမ်တိုင်းမှာကပ်ထားဘို့ မှာကြားခဲ့ပါသည်။ နှစ်သစ်ကူးကာလ ရောက်လာတော့ စစ်သားတွေကို အိမ်တိုင်ရာရောက် စစ်ဆေးခိုင်းလိုက်သည်။ ထိုသို့ စစ်ဆေးရာ စာမတတ်သည့်လင်​မယားနှစ်​​ယောက်​က ပြောင်းပြန်ကပ်လိုက်မိရာ သေဒဏ်ချပေးဖို့ အမိန့်ထုတ်ခံလိုက်ရသည်။

ကံအားလျှော်စွာဖြင့် မိဘုရားက အကြောင်းပြချက်တစ်ခုဖော်ထုတ်နိုင်ခဲ့သည်။ ထို fu စာလုံးကို ပြောင်းပြန်လှန် ဖတ်ရင် dao ဟုအဓိပ္ပါယ်ထွက်ကြောင်း၊ dao ၏ ဆိုလိုချက်က 'here' ဒီမှာ ဆိုသည့်အဓိပ္ပါယ်ရှိကြောင်း။ သို့ဖြစ်၍ ဒီလို ပြောင်းပြန်လှန်ထားခြင်းအားဖြင့် fu က ဒီနေရာမှာရှိနေတယ် (ကံကောင်းခြင်းက ဤနေရာမှာရှိပါသည်)​ ဟုအဓိပ္ပါယ် ရှိသည့်အတွက် ထို လင်မယားနှစ်ယောက်ကို သေဒါဏ်မပေးသင့်ကြောင်း၊ စသည်ဖြင့် တင်ပြလိုက်ရာ လင်မယားနှစ်ယောက်ကို ပြန်လွတ်လိုက်ပါသည် ဟု သိရသည်။

နှစ်သစ်ကူးကာလတွင် အနီရောင်ပါသည့် အဝတ်အစားတွေ ဝတ်ဆင်ကာ၊ အောက်ခံဘောင်းဘီအထိ အနီရောင်ပဲ ရွေးပြီးဝတ်ဆင်ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် မကောင်းဆိုးရွားကြီးကို အနိုင်ယူကာ အောင်မြင်ခြင်း အသီးသီးလက်ကမ်းကြိုဆိုနေကြခြင်းဖြစ်သည်။

၉။ တရုတ်နှစ်သစ်ကူးဝိုင်

တရုတ်လူမျိုးတွေကို ယေဘုယျသုံးသပ်ကြည့်ရင် သောက်စားခြင်းကို အလေးထားကြသည်ဟုဆိုရင် မှားမယ် မထင်ပေ။ အရေးပါသည့် စားပွဲ၊ ပျှော်ပွဲ၊ အောင်ပွဲ စသည့် ပွဲ တစ်ခုခု ဆင်နွဲတိုင်း သောက်စရာ ဝိုင်လေး မပါရင် ပွဲမပြီးတတ်ကြပါ။ ထို့ကြောင့် တရုတ်လူမျိုးတွေက ဝိုင်လည်းပဲ သူ့နေရာနဲ့သူ ခွဲခြားသတ်မှတ်ကာ အခေါ်အဝါအမျိုးမျိုးရှိကြသည်။ စေ့စပ်ပွဲမှာ သောက်သည့် ဝိုင်၊ မင်္ဂလာဆောင်ပွဲမှာ သောက်သည့် ဝိုင်၊ မွေးနေ့ပွဲ​တွေမှာ သောက်သည့် ဝိုင် စသဖြင့် အမျိုးမျိုး သတ်မှတ်ထားပါသည်။

ထိုနည်းတူစွာပဲ နှစ်သစ်ကူးကာလမှာ သောက်ရမည့် ဝိုင်ကိုလည်း သတ်မှတ်ထားပါသည်။ ထို ဝိုင်နာမည်က Tusu ဟုခေါ်ပါသည်။ Tusu ဟုခေါ်ရခြင်းသည် ရှေးခေတ်တုန်းက ကူးဆက်ရောဂါတစ်မျိုး တရုတ်နိုင်ငံ နေရာအနှံ့  ပြန့်​နှံ့ကာ လူ့အသက်မြောက်များစွာ ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှာ Tusu ဆိုသည့် အဖိုးတစ်ယောက်က အရွက်တွေစိမ်ထားသည့် အရည်တစ်မျိုးကို အိမ်တိုင်ရာရောက် မျှဝေကာ လူနာတွေကို သောက်ခိုင်းခြင်းအားဖြင့် ရောဂါကုသခဲ့ပါသည်။ ထို အရည်ကို နှစ်သစ်ကူးကာလမှာ သောက်ရင် လာမည့်နှစ် တစ်နှစ်လုံး ရောဂါကင်းသည်ဟု ယုံကြည်ကြသဖြင့် နှစ်သစ်ကူးကာလမှာ သောက်သုံးကြရာ Tusu Wine (Tusu ဝိုင်) ​ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဤပုံပြင်သည် မှားသည် မှန်သည်ဟု ဘယ်သူမှ တိတိကျကျ မပြောတတ်ပေမယ့်​ ယနေ့အထိ ကျင့်သုံးလိုက်နာနေဆဲဖြစ်ပါသည်။

၁၀။ ကလေးတွေက နှစ်သစ်ကူးလက်ဆောင် (red envelope) ရကြသည်

တရုတ် လူမျိုးများသည် သူတို့ရဲ့ နှစ်သစ်ကူးကာလမှာ လက်ဆောင်တွေ အချင်းချင်း အပြန်အလှန်ပေးတတ်ကြပါသည်။ ထိုသို့ပေးကြသည့်အထဲမှာ၊ red envelope ဟုခေါ်သည့် အနီရောင်အိတ်ကလေးထဲက ပိုက်ဆံထည့်ပေးခြင်းကိုလည်း တစ်မျိုးအပါအဝင်ဖြစ်သည်။

ဤ red envelope သည် လူကြီးက သူ့မြေး၊ သား၊ သမီး စသည့် သူ့ထက်ငယ်သောသူ၊ သူ့ထက်အားနည်းသောသူ၊ ကုမ္ပဏီပိုင်ရှင်က သူ့ရဲ့ဝန်ထမ်းများ၊ စသဖြင့် ပေးကြပါသည်။ ထိုသို့ ပေးခြင်းအားဖြင့် ကံကောင်းခြင်းနှင့်ကြုံရပါစေဟု ဆုမွန်ကောင်း တောင်းပေးနေခြင်းပင်ဖြစ်သည်။

ယခုခေတ်မှာဆိုရင် လူတိုင်းက ဒီအကျင့် ကျင့်သုံးလာကာ ကြီးသူက ငယ်သူသာမကပဲ အချင်းချင်း ပေးချင်သလို ပေးကြပါတော့သည်။

ဤ red envelope ဟာဆိုရင် တရုတ်လို qiang hongbao ဟုခေါ်ပါသည်။ ကလေးတွေအဖျားက ကယ်တင်ဘို့ ပိုက်ဆံနှင့် ပူဇော်ရာကနေ စတင်လာတာ ဖြစ်သည်။ Sui ဟုခေါ်သည့် နတ်ဆိုးတစ်ပါးသည် နှစ်သစ်ကူးကာလမှာ သုံးကြိမ်ထက်မနည်း ပေါ်လာတတ်ကာ ကလေးတွေကို ဖျားစေသည်ဟု ရှေးခေတ်အယူအစရှိသည်။

ထိုသို့ ကလေးတွေဖျားနေရာ ဆေးတွေနှင့်ကုသပြီး ပြန်ကောင်းလာသော်လည်း ပြန်ဖျားလေ့ရှိပါသည်။ ထိုဖြစ်စဉ်ကို မိခင်တစ်ယောက်က သတိထားမိရာ Sui ဟုခေါ်သည့် ထို နတ်ဆိုးကြီးကို ပိုက်ဆံပေး ဟန်ဆောင်ပူဇော်ခဲ့သည်။ ဖျားနေသောကလေး၏ ခေါင်းအုံးအောက်မှာ Sui ကို ရည်စူး၍ ပိုက်ဆံတင်ထားခြင်းအားဖြင့် ကလေးအဖျားကျကာ ကျန်မာရေး ဆက်လက်ကောင်းသွားလာခြင်းကို တွေ့ရပါသည်။ ထိုအချိန်ကစ၍ ယနေ့အထိ ဒီ နှစ်သစ်ကူးလက်ဆောင် (red envelope) ​ဆက်လက်ကျင့်သုံးနေခြင်းဖြစ်သည်။


တရုတ်နှစ်သစ်ကူးပွဲတော်နှင့်ပတ်သက်​ရင် သိသင့်သိထိုက်သည့် ဗဟုသုတကတော့ အခုတင်ပြသည့်အချက်တွေထက်မက အများကြီးရှိနေမှာပဲဖြစ်သည်။ ယခု ရေးထားသည့် အချက်တွေကတော့ ကျန်တော့ တရုတ်သူငယ်ချင်း Wu Zhenjiang ပြောပြခဲ့ဖူးသည့် အချက်တွေကိုသာ အခြေခံပြီး တင်ပြထားခြင်းဖြစ်ပါသည်။

ပုံ ကျန်တော်နှင့် Wu Zhenjiang 



Share:

0 coment�rios:

Post a Comment