Apocalpto ဇာတ်ကားနဲ့အမှားများ


ဒီဇာတ်ကား မကြည့်ဖူးသေးဘူးဆိုရင် ၁၀ စုနှစ်တစ်စုတုန်းက လူကြိုက်အများဆုံးစာရင်းဝင် ရက်စက်ကြမ်းကြုတ်တဲ့ သမိုင်းအခြေခံ ဇာတ်ကားကောင်းတစ်ခု မကြည့်ရသေးဘူး ဆိုတဲ့အဓိပ္ပါယ်။


ဒီဇာတ်ကားကတော့ အမေရိကန် ဒေါ်လာ သန်း ၄၀ ကျော် အကုန်ကျခံကာ MelGibson  က တာဝန်ယူ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းက ရှေးခေတ် အမေရိကန်နှင့်မက်စ္စကန် ယာဉ်ကျေးမှုတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး၊ Mayan လူမျိုးတွေရဲ့ ယဇ်ပူဇော်ခြင်း (လူ နဲ့ ပူဇော်ခြင်း) ကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ဒီလိုမျိုး သမိုင်း နောက်ခံပြီးရိုက်ရာတွင် အမှားမရှိအောင် ရှေးဟောင်း သုတေသန ပညာရှင် Dr. Richard D. Hansen က Mayan (Mexican) ဒေသရဲ့ရိုးရာနှင့်သမိုင်းဆိုင်ရာအကြံပေးပုဂ္ဂိုလ် အဖြစ်တာဝန်ယူခဲ့ပါတယ်။

ဒီဇာတ်ကားအတွက် ဒါရိုက်တာနှင့်ထုတ်လုပ်သူအဖြစ် တာဝန်ယူဆောင်ရွက်သူ Mel Gibson ဆိုရင် FAITA မှ Trustees Award,​ COFCA မှAward for Best Cinematography နှင့် အခြားအဖွဲ့အစည်း () ခုကနေ ဆုအသီးသီး ချီးမြင့်ခဲ့ပါတယ်။ ဇာတ်ကားနာမည်က Apocalypto လို့ခေါ်ပြီး ၂၀၀၆ ဒီဇင်ဘာလမှာ ဖြန့်ချိခဲ့ပါတယ်။ ၂၀၀၆ မှ ၂၀၁၆ထိ( ၁၀) စုနှစ်တစ်စုအတွက် အရက်စက်ဆုံးနဲ့လူကြိုက်အများဆုံးဇာတ်ကားအဖြစ် ရပ်တည် နိုင်ခဲ့တယ်။

ဒီဇာတ်ကားက သမိုင်းအခြေခံတဲ့ဇာတ်ကားဖြစ်သည့်အလျောက် အကြိမ်ကြိမ် အခါခါ ပြုပြင်၊ ပြင်ဆင်၊ ဖြတ်၊ ညှပ်၊ ကပ် လုပ်ခဲ့ရာ အမှားမတွေ့တော့မှ၊ အမှားတွေ အကုန်လုံးပြုပြင်ပြီး ပြောစရာမလိုတော့ဘူး လို့ထင်လိုက်တော့မှ ထုတ်လုပ် ရောင်းချခဲ့ခြင်း ဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ editing အပိုင်းမှာကော သူတို့အခြေခံထားတဲ့ သမိုင်းမှာပါ အားနည်းချက်တွေ အများကြီးရှိနေတာ တွေ့ရပါတယ်။ ဆု မြောက်များစွာ ချီးမြင့်ခြင်ခံခဲ့ရပြီး လူကြိုက်အများဆုံးအဖြစ် သတ်မှတ်ခြင်းခံရတဲ တစ်ဘက်မှာ သူတို့ရဲ့ အားနည်းချက်တွေထောက်ပြနေတဲ့ ပညာရှင်တွေလည်း တစ်ပုံကြီးပါပဲ။ ကဲ တို့ကတော့ သမိုင်းပညာရှင်မဟုတ်တော့ ဒါတွေ သိပ်မသိပါ။ ဒါပေမယ့် သူတို့ရဲ့ editing /filming ပိုင်းမှာ မြင်သာနေတဲ့အားနည်းချက်၊ အမှားတွေကို ထောက်ပြကြည့်ရအောင်။ Video ကိုဖွင့်ကြည့်လိုက်ပါ။


ဆိုလိုတာက၊
အကြိမ်ကြိမ် အခါခါ ပြန်လည် သုံးသပ်ပြီးမှ မှန်တယ်လို့ ထင်ထားတဲ့အရာတွေထဲမှာ တစ်စုံတစ်ယောက်က အမှား (အားနည်းချက်)​ တွေကို တွေ့နေစမြဲပါပဲ။ သင်မှန်တယ် ထင်နေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သင့်အမှားတွေ ထောက်ပြနေမှာပဲ။  သင် တော်တယ်ထင်နေတဲ့ အချိန်မှာပဲ သင့်အားနည်းချက်တွေ ရှိနေဦးမှာပဲ။ ဒါက အရေးမပါပါဘူး၊ သဘာဝတွေထဲက တစ်ခုပါ။ သို့သော် ဒီလိုအမှားနှင့် အားနည်းချက်တွေကြောင့်  ပွန်းပဲ့မသွားဖို့တော့ အရေးကြီးတယ်။ အမှားနှင့်အားနည်းချက်တွေကြောင့် စိတ်ဓါတ်ကျမိဖို့မဟုတ်၊ အကောင်းဆုံးဟု သတ်မှတ်ခြင်းခံထားတဲ့အရာတွေမှာတောင် ပြည့်စုံတယ်ဆိုတာ မရှိပဲကိုး။

Share:

0 coment�rios:

Post a Comment