When All Is Fake (အတုတွေက ဖုံးအုပ်နေသောအခါ)


ရက်စက်လိုက်ပုံကxxx


ယင်ကောင်လေးကောင် ဆာဆာနဲ့အစာရှာဖို့ထွက်သွားကြတဲ့နေ့တစ်နေ့ပေါ့။

တစ်ကောင်က အတော်လေးအရသာရှိပုံရတဲ့ ဝက်အူချောင်းပေါ်နားပြီး အားရပါးရစားလိုက်ရာ စားပြီးချင်း တုံးခနဲပဲလဲသေသွားပါသတဲ့။

ဘာလို့လဲဆိုတော့ အဲ့ဒီဝက်အူချောင်းမှာ ဓါတုဆေးပါဝင်မှုအရမ်းများနေတာကိုး။

နောက်တစ်ကောင်ကတော့လဲ အချဉ်ဟင်းတွေ၊ ဂျုံမုန့်တွေ တစ်ပုံကြီးတွေ့လိုက်တော့ တစ်ဝကြီးစားလိုက်မိရာ ချက်ချင်းပဲ သေသွားရပြန်တယ်ဆိုပဲ။

တတိယယင်ကောင်ခများလဲ နွားနို့အိုးပေါ်ဝင်နားပြီး သောက်မိလိုက်ရာ မြေဖြူမှုန့်တွေရောထားတာဖြစ်နေတော့ အသက်ပါသွားရပြန်ပါသတဲ့။

ဒီအဖြစ်ဆိုးတွေမြင်နေရတဲ့ စတုတ္ထယင်ကောင်က

"အတုတွေပဲ ဖြစ်နေတော့တဲ့ ဒီခေတ်ကြီးမှာ စိတ်ဆင်းရဲစွာ နေရတာထက် မြန်မြန်သေသွားတာပဲကောင်းပါတယ်" ဆိုပြီး 'ယင်ကောင်အဆိပ်'လို့တံဆိပ်ရိုက်ထားပြီး အရိုးခေါင်းပုံပြထားတဲ့ စက္ကူချပ်ပေါ်နားလိုက်ကာ နှာမောင်းနဲ့စုပ်လိုက်တယ်။

ယင်ကောင်က အဲ့ဒီအဆိပ်ရည် စုပ်ရင်းနဲ့ တစ်ဖြည်းဖြည်း အားပြည့်လာကာ မသေတဲ့အပြင် ဝဖြိုးလာပါသေးတယ် ဆိုပဲ။

လက်စသတ်တော့ ယင်သတ်တဲ့ ပိုးသတ်ဆေးတောင် အတုဖြစ်နေတာကိုး....။

Share:

0 coment�rios:

Post a Comment