စာရေးဆရာ Orison Swatt Marden ရဲ့ စာအုပ်တစ်အုပ်မှာ ခုလိုဖတ်ခဲ့ဖူးတယ်။
'ပညာကိုအလေးထားတဲ့ Boston မြို့ကို လူတစ်ယောက်ရောက်လာရင် အထိကထားပြီး မေးတတ်တဲ့ မေးခွန်းကတော့ "ဒီလူ ဘယ်လောက်ပညာတတ်သလဲ?" ဆိုတာပါပဲ။ ဂုဏ်အဆင့်ကို ဦးစားပေးတဲ့ Filadelphia မှာဆိုရင် "သူ့အဖေက ဘယ်သူလဲ?" လို့မေးနေကျ။ ငွေကို တန်ဖိုးထားတဲ့ New York ကို ရောက်လာသူတိုင်းကိုတော့ "သူဘယ်လောက် ချမ်းသာသလဲ?" ဟုတ် စုံစမ်းခံရမှာ မလွဲပါ။'
မြန်မာနိုင်ငံမှာ ဘာကိုအလေးထားပြီး မေးလေ့ရှိတယ်ဆိုတာ ကျုပ်မသိပါ။ တကယ်ဆို ပညာ၊ငွေကြေးနှင့် ဂုဏ်ပုဒ်တွေထက် တန်ဖိုးထားသင့်တဲ့ အရာတစ်ခုရှိတယ်။ အဲဒီအရာကိုတော့ ၀ယ်လို့ရနိုင်မယ့်အရာမျိုးမဟုတ်ဘူး။ မိဘ၊ဘိုးဘွားထံမှ အမွေဆက်ခံရနိုင်တဲ့ ပစ္စည်းဥစ္စာမျိုးလည်းမဟုတ်ဘူး။ တက္ကသိုလ်ကျောင်းတွေမှာ သွားရောက်သင်ကြားလို့ ရနိုင်တဲ့ ပညာမျိုးလည်းမဟုတ်ဘူး။ မိမိဘာသာ သတိဖြင့် မွေးမြူမှသာ ရလာနိုင်မယ့် 'စိတ်ထား'တစ်မျိုးဖြစ်တယ်။ ထိုစိတ်ကလေးကတော့ အလွန်သိမ်မွေ့ပါတယ်။ သိမ်မွေ့သလောက်လည်း တန်ခိုးကြီးလှတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပေးပို့လာသမျှ ထိုစိတ်ကလေးကပင် ခုခံအဆုံးအဖြတ်ပေးသွားမှာဖြစ်တယ်။ ထိုစိတ်ကလေးကတော့ 'ရဲစွမ်းသတ္တိ' ပဲဖြစ်ပါတယ်။
'ပညာကိုအလေးထားတဲ့ Boston မြို့ကို လူတစ်ယောက်ရောက်လာရင် အထိကထားပြီး မေးတတ်တဲ့ မေးခွန်းကတော့ "ဒီလူ ဘယ်လောက်ပညာတတ်သလဲ?" ဆိုတာပါပဲ။ ဂုဏ်အဆင့်ကို ဦးစားပေးတဲ့ Filadelphia မှာဆိုရင် "သူ့အဖေက ဘယ်သူလဲ?" လို့မေးနေကျ။ ငွေကို တန်ဖိုးထားတဲ့ New York ကို ရောက်လာသူတိုင်းကိုတော့ "သူဘယ်လောက် ချမ်းသာသလဲ?" ဟုတ် စုံစမ်းခံရမှာ မလွဲပါ။'

ရဲစွမ်းသတ္တိဟုဆိုရာတွင် သူရဲကောင်းဆန်တဲ့ သတ္တိမျိုးကို မဆိုလိုပါ။ နေ့စဉ်ဘဝမှာရော၊ သမိုင်းဝင်လုပ်ရှားမှုတွေမှာပါ ပြသရမယ့်သတ္တိမျိုးကိုသာ ဆိုလိုတာပါ။ တစ်နည်းပြောရရင်တော့ ဖြောင့်မတ်သမာဓိရှိခြင်းပေါ့။ မှန်တာကို ပြောရဲတဲ့သတ္တိ၊ မှားတဲ့အချိန်မှာလည်း ဝန်ခံရဲတဲ့သတ္တိ၊ ပကတိအရှိတိုင်းနေပြီး ဟန်မဆောင်ပြတဲ့သတ္တိ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့အစွမ်းသတ္တိ၊ တစ်ဘက်သားကို မရိုးမသားနဲ့ မှီခိုအားထား လှည့်ဖြားခြင်းမပြုတဲ့သတ္တိ၊ စသည့်သတ္တိမျိုးကို ယခုခေတ်မှာ ကြီးကြီးမားမား လိုအပ်နေတာဖြစ်တယ်။ ထိုသတ္တိတွေဟာဆိုရင် ဖြောင့်မတ်သမာဓိရဲ့ အသီးအပွင့်တွေပဲဖြစ်တယ်။
ပြောင်းလဲမှုနှေးကွေးနေတာ၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသွားတာ၊ စည်းလုံးညီညွတ်မှုယိုယွင်းသွားတာ၊ စိတ်မချမ်းသာစရာတွေနဲ့ ကွပ်ညှပ်ဖိနှိပ်မှုတွေ မပပျောက်နိုင်သေးတာ... ဒါတွေအားလုံးဟာ ဖြောင့်မတ်သမာဓိရှိမှု နည်းပါးနေခြင်းရဲ့ ရလဒ်တွေပဲဖြစ်တယ်။ တစ်နည်းအားဖြင့်တော့ "သတ္တိ" နည်းလို့ပေါ့။
ရဲစွမ်းသတ္တိဖြစ်တဲ့ ဖြောင့်မတ်သမာဓိကို ရှေ့ထားပြီး ပညာ၊ငွေကြေးနှင့် ဂုဏ်ပုဒ်တွေက နောက်ကနေလိုက်လာရမှာဖြစ်တယ်။
မိတ်ဆွေ! "ရဲစွမ်းသတ္တိ" မွေးပါ။ မကောင်းဆိုးဝါးကြီး သေဆုံးသွားပါပြီ။
0 coment�rios:
Post a Comment