သူ့အဖေ၊
ခြေလက်ပါမလာပဲမွေးလာတဲ့သူ့သားကို ရွံလို့ ဆေးရုံအပြင်ဘက်ထွက် အန်လိုက်သတဲ့။
သူနာပြုဆရာမတွေက မေအေထံအပ်လိုက်ပြန်တော့လည်း အမေဖြစ်သူက သူ့သားလေး မကြည့်ရက်ဘူး။
ရှစ်နှစ်အရွယ်မှာဆို သူ့ဘဝစိတ်ပျက်လွန်းလို့ သူ့ကိုယ်သူ သတ်သေဖို့ ကြံခဲ့ဖူးပါသေးတယ်။
သူအကြိမ်ကြိမ်အဖြေထုတ်တယ်၊ "ဘာကြောင့်ငါ့ဘဝက လူတကာနှင့်မတူ အဓိပ္ပါယ်မဲ့နေရပါလိမ့်? "
တစ်ချိန်မှာတော့ သူ့ဘဝအဖြစ်တိုင်း သူ လက်ခံလာနိုင်ပါတယ်။ ထိုအချိန်ကစပြီး အရာရာပြောင်းလဲလာပါတော့တယ်။
ယခုဆိုရင်၊
ခြေလက်မပါတဲ့ သူ ရေကူးတတ်နေပြီ၊
Surf, နှင့် skydrive တွေပါဆော့တတ်သလို ကား လည်း မောင်းတတ်နေပြီ။
မကသေးဘူး၊
ကုမ္ပဏီ နှစ်ခုမှာ ဥက္ကဌ တာဝန်ထမ်းဆောင်ပြီး ကွန်ပျူတာနှင့် စနစ်တစ်ကျ စီမံခန့်ခွဲနိုင်ပါသေးတယ်။
ကမ္ဘာ့အနံ့ ဟောပြောပွဲတွေ အောင်မြင်ကျော်ကြားစွာ ကျင်းပလာရာ လူထောင်ပေါင်းများစွာရဲ့ မှားယွင်းတဲ့ဘဝခံယူချက်တွေ အသစ်တဖန် ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ပြီ။
၂၀၁၂ တုန်းကအိမ်ထောင်ကျကာ ကလေး လေးယောက်ထွန်းကားခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ထိပ်တန်း ဟောပြောသူတွေထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရလေပြီ။
သူ့နာမည်က Nick Vujicic လို့လူတိုင်းသိကြတဲ့ သြစတေးလျလူမျိုး Nicholas James Vujicic ပါပဲ။

သူအကြိမ်ကြိမ်ပြောခဲ့ဖူးတယ်၊
"ဆရာဝန်တွေက ခြေလက်မပါတဲ့သူ လမ်းလျှောက်ဖို့မဖြစ်နိုင်ဘူး ဆိုရုံလောက်ပဲ သိတဲ့အချိန်မှာ ဘုရားသခင်က လမ်းလျှောက်ဖို့ခြေထောက်အဓိကမဟုတ်ကြောင်း ကျနပ်ကိုသက်သေပြလိုက်တယ်။ သင်ကိုယ်တိုင်လိမ်ညာပြီး ငါမတတ်ဘူး၊ ငါမပြည့်စုံဘူး၊ ငါမဖြစ်နိုင်ဘူး လို့ ဘယ်တော့မှမတွေးမိစေနှင့်၊ ဘုရားသခင်ရဲ့ တတ်နိုင်စွမ်းတန်ခိုးတော်ကို ကန့်သတ်လို့မရဘူး။"

မဖြစ်နိုင်တာမရှိကြောင်း သူ အသစ်တဖန် သက်သေပြနေပါပြီ။ တကယ်ပါ၊ မဖြစ်နိုင်တာလုံးဝမရှိပါ။ သင်ဖြစ်နေတဲ့လက်ရှိဘဝက သင့်ရဲ့အာင်မြင်ရေးအတွက် လုံလောက်နေတာအမှန်ပါ။
Nick Vujicic (Life Without Limbs CEO) |
Ref: Life Without Limbs News Letter.
0 coment�rios:
Post a Comment