မှတ်မှတ်ယယ ၂၀၀၂ ဆယ်တန်းတက်တုန်းက တို့နေတဲ့အဆောင်တစ်ခုလုံး စားမ၀င်၊အိပ်မပျှော်လောက်အောင် စိတ်လှုပ်ရှားစေတဲ့ အဖြစ်အပျက်တစ်ခု ဖြတ်သန်းခဲ့ဖူးတယ်။ အဲ့ဒါက တောင်ကိုးရိယားနဲ့ဂျပန်မှာ ကျင်းပခဲ့တဲ့ FIFA World Cup ပွဲကြီးပေါ့။
တို့တွေအားလုံး ဘော်လုံးပွဲကြည့်ချင်လို့ စိတ်လေနေမှန်းသိတော့ ဆရာသမားတွေက ကဲ မထူးဘူးဆိုပြီး တစ်ဆောင်လုံး world cup ပွဲကြီးကြည့်ကြမယ် တဲ့။ ပျော်လိုက်ကြတာ...။ ဆရာ၊မတွေနဲ့အတူ ကျောင်းသားအားလုံးက ဘော်လုံးပွဲအတူကြည့်၊ တစ်ဆောင်လုံး ဘော်လုံးပွဲပြသတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့နေအိမ်မှာ။
အားပေးလိုက်ကြပုံက ဂိုးသွင်းရင်ကို သေးပန်းထွက်လောက်အောင် ကခုန်ပြီးအော်ဟစ်ကြလေရော။ Brazil ပွဲတစ်ခုမှာဆို ဆရာကျင့်ဘွဲ့ ( Cin Boih) အားရပါးရ ခုန်လိုက်မိလို့ သူ့ထိုင်ခုံ ပြိုကျခါနီး။ ဒီလို စိတ်ဝင်တစားအားပေးကြတဲ့ကြားမှာ တို့ကတော့ ဘော်လုံးပွဲကြည့်ရလို့ စာမလုပ်ရတဲ့အတွက် ပျော်တာကလွဲရင် ဘာခံစားချက်မှမရှိ။ တစ်ခါတစ်လေ ငိုက်ပြီးအိပ်ပျှော်မိလောက်အောင် ခံစားချက်ကပေါ့နေတာ။ တစ်ခုတော့ရှိတယ်။ ဒီ အားကစားသမားတွေရဲ့ ၀င်ငွေတွေကိုတော့ အားကျမိတာအမှန်ပဲ၊ သူတို့က သူတို့လုပ်ချင်တဲ့ ၀ါသနာပါရာကို လုပ်ရင်းချမ်းသာကြတာကိုး။ ဘယ်လောက်ကောင်းသလဲ။
ဒီလိုနဲ့ကဗာ့ဖလားပွဲ ကိစ္စပြီးသွား။ နိုဝင်ဘာလကုန် ဒီဇင်ဘာလထဲဝင်ဖို့ တစ်ပတ်ပဲလိုနေတော့တဲ့အချိန်မှာ ဆရာဒိုးက ကြည်ငြာလိုက်တယ်။
'ကဲ ဒီဇင်ဘာလတစ်ရက်နေ့ကျရင် ခရစ္စမတ်အကြိုပွဲ တို့အဆောင်မှာ ဆီဆီကားကား ကျင်းပပေးမယ် တဲ့။' နောက်တန်းမှာ ထိုင်နေတဲ့တို့အဖွဲ့ကတော့ ပျှော်လွန်းလို့ အာပေါက်လောက်အောင် အော်ပစ်လိုက်မိတယ်။
'ကဲ ဒီဇင်ဘာလတစ်ရက်နေ့ကျရင် ခရစ္စမတ်အကြိုပွဲ တို့အဆောင်မှာ ဆီဆီကားကား ကျင်းပပေးမယ် တဲ့။' နောက်တန်းမှာ ထိုင်နေတဲ့တို့အဖွဲ့ကတော့ ပျှော်လွန်းလို့ အာပေါက်လောက်အောင် အော်ပစ်လိုက်မိတယ်။
ပွဲစတင်ကျင်းပနေပြီပေါ့။ ၀တ်ပြုအစည်းအဝေးက ည ၄း၀၀ နာရီ လောက်မှာစပြီး ဒေသာနာရှင် သူငယ်ချင်း ဒါလ်းရှင်းကမ်းရဲ့အဖေက 'ပညာနဲ့သညာ' ဆိုတဲ့ ခေါင်းစဉ်ပေးပြီး ဟောသွားခဲ့။ သူဘာတွေဟောခဲ့တယ်ဆိုတာ တို့သိပ်ပြီးနားမထောင်။ အကြောင်းက သူ ဟောလို့ပြီးတာနဲ့ ခရစ္စမတ်သီချင်းနဲ့ဖျှော်ဖြေဖို့တို့အလှည့်။ ဒီအတွက်ရင်တွေတုန်လို့။
Guitar Tunner |
သီချင်းတိုက်တုန်းကဆို ဂီတာတီးချင်လို့ အချင်းချင်းလုနေကြရသေး။ တို့အဆောင်ပိုင်တဲ့ ဂီတာကလည်း အိုနေတော့ ကီးညှိရင်နာရီဝတ်လောက်အချိန်ပေးညှိရတာမျိုး။ တစ်ခါတစ်လေ ဘယ်လိုမှညှိမရလို့ သူငယ်ချင်းသွင်းခင်း (Samuel Pauboih) ကို ညှိခိုင်းလိုက်တာမျိုး။ သူကဂီတာမှာဆရာကြီးဖြစ်နေတာ။
သီချင်းဆိုဖို့အတွက် သူငယ်ချင်း ဒီယားဟွဲ (Dia Huai) နဲ့ရှင်းဘွ ( Sian Buah) တို့ ခေါ်စည်းရုံးလိုက်ရသေး။ သူတို့က လူရှေ့သူရှေ့ သီချင်းဆိုဖို့ နေနေသာသာ တစ်ယောက်ထည်းရှိတဲ့အခန်းမှာတောင် မနည်းကျင့်နေရတာ တဲ့။ စည်းရုံးလို့မရ။ နောက်ဆုံး သူငယ်ချင်းပုန်းဒို ( Thang Pu) နဲ့ တို့ သုံးလေးယောက်လောက်က အားရပါးရဟဲပစ်လိုက်ရော။
သီချင်းဆိုဖို့အတွက် သူငယ်ချင်း ဒီယားဟွဲ (Dia Huai) နဲ့ရှင်းဘွ ( Sian Buah) တို့ ခေါ်စည်းရုံးလိုက်ရသေး။ သူတို့က လူရှေ့သူရှေ့ သီချင်းဆိုဖို့ နေနေသာသာ တစ်ယောက်ထည်းရှိတဲ့အခန်းမှာတောင် မနည်းကျင့်နေရတာ တဲ့။ စည်းရုံးလို့မရ။ နောက်ဆုံး သူငယ်ချင်းပုန်းဒို ( Thang Pu) နဲ့ တို့ သုံးလေးယောက်လောက်က အားရပါးရဟဲပစ်လိုက်ရော။
ဒီလိုနဲ့ တက္ကသိုလ်ရောက်သွားတော့ ကိုယ့်ထက်တော်တဲ့လူက တစ်ပုံကြီး။ ဆိုတော့ ဘာပဲဖြစ်ဖြစ်ဂီတာသင်တန်းလေး တက်ဦးမှ။အနုပညာနဲ့ အသက်မွေးတဲ့လူလည်း အများကြီးရှိနေတာပဲ ဆိုတဲ့စိတ်နဲ့ ဖေ့ဖေ့ဆီ ဖုန်းဆက် မေး။ မေးလိုက်တော့ သူခွင့်မပြု။
ဂီတာသင်တန်းလေး မတက်ရရင်လည်း ကွန်ပျူတာ အခြေခံလေးတော့ မဖြစ်မနေ ရထားမှ သင်တန်းလေးဘာလေး တက်ဦးမှ။ ဖေဖေလည်း ဒီတစ်ခါခွင့်ပြုလောက်ပြီ။ ကွန်ပျူတာဒီလောက်အရေးပါနေမှန်း သူလည်းသိနေတာပဲကို။ ဖေ့ဖေ့ဆီ ဖုန်းဆက် လျှောက်ထားပြန်။ ခါတိုင်းလိုပဲ သူခွင့်မပြု။
ဒီတစ်ခါ အကြံတစ်ခုရလိုက်တာရှိတယ်။ မေးတော့မေးမယ်၊ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ရှေ့ဆက်တိုးဦးမှ ဆိုတဲ့အကြံ။ ဒီအကြံနဲ့ KMDII မှာ ကွန်ပျူတာအခြေခံလေး ခိုးတက်ခဲ့ဖူးတယ် ထားပါတော့။ ဒီလိုနဲ့ အနုပညာဘက်ကို စိတ်ပါဝင်စားရင်းနဲ့ နောက်ဆုံး ကံပါရာကျောင်းဆရာဘ၀ထဲ ရောက်သွားလိုက်တာပေါ့။
အခု တရုတ်ပြည်ရောက်တော့လည်း ၀ါသာနာက နောက်ကနေ ကပ်ပြီးလိုက်လာနေသေးတယ်။ ကိုယ်တော်တာမတော်တာအပထား ဂျီကီးနဲ့စီကေးလောက်ပဲတီးတတ်ပေမယ့် ၀ါသာနာအရ ဂီတာလေးတစ်လက်တော့ ၀ယ်ဦးမှ။
မညံ့မကောင်း တစ်လက်ဝယ်လိုက်တယ်။ လက်ဆောင်ပစ္စည်းတစ်ချို့ အထုတ်လေးတွေနဲ့ထည့်ထားတယ်။ အဲ့ထဲမှာ ကြိုးညှိတဲ့ တျူးနား (tuner) လေးတစ်ခုလည်းပါလာတယ်။ တို့က သေချာနားစွန့်ပြီးကိုယ်တိုင်ညှိရမှ ကျေနပ်တတ်သူမို့ tuner နဲ့ သိပ်မရင်းနီး။ အခုထိ tuner လေးကိုဖွင့်ကိုမကြည့်ရသေးဘူး။ တော်သေးတာက ၁၀ တန်းတုန်းကဟာထက် အခုဟာက ကြိုးညှိရတာ ပိုပြီးလွယ်ကူနေလို့ပဲ။
ဆိုပါတော့ ၀ါသာနာကတစ်မျိုး၊ လုပ်ရတဲ့အလုပ်ကတစ်မျိုးဆိုတော့ တစ်ခါတစ်လေ ထင်သလောက်ခရီးကမချောတတ်။ သို့သော်လည်းပဲ အတတ်နိုင်ဆုံး ချောမွေ့နူးညံ့ထိရောက်ဖို့ ဆက်၍ဆက်၍ို့ကြိုးစားတင်ဆက်နေဦးမှပေါ့ဗျာ့။ ဘာပဲပြောပြော ကိုယ်ဝါသာနာပါရာ အလုပ်မျိုး လုပ်ခွင့်ရဖို့ရယ်၊ လုပ်နိုင်ဖို့ရယ်၊ လုပ်တတ်ဖို့ရယ် ကို ကြိုးစားရှေ့ရှုပြီး အောင်မြင်ရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြဖိုရန် မေတ္တာပို့လိုက်ဗကြာင်းပါခင်ဗျား။
0 coment�rios:
Post a Comment