Don’t Judge People Before You Truly Know Them

Don't Judge People Too Early

အသက် ၂၄ နှစ်ရှိသည့် လူငယ်လေးတစ်ယောက်ပေါ့။ ရထားပြူတင်းပေါက်ရဲ့ အပြင်ဘက်ကြည့်ရင်း အော်လိုက်သည်။

"ကြည့်စမ်း!! ဟိုမှာ သစ်ပင်တွေရွှေ့နေတယ် ဖေဖေ...။

အဖေဖြစ်သူက သူ့သားကိုပြုံးပြလိုက်သည်။

ဘေးမှာထိုင်နေသည့် စုံတွဲနှစ်ဦးက ကလေးပီပီဒီလူ၏ အမူအရာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိချိန်မှာ...။

ရုတ်တရက်ပဲ ကောင်လေး ပြန်အော်လိုက်သည်။

'ဟိုမှာ... ဖေဖေ... တိမ်တွေလဲ တို့နောက်မှာ လိုက်ပြေးနေတာကိုး...'

ဒီတစ်ခါကျတော့ စုံတွဲနှစ်ဦးက စိတ်မထိန်းနိုင်တော့သည့်အတွက် ဖခင်ဖြစ်သူကို မေးလိုက်ပါတော့သည်။

' ဦးလေးရဲ့သားကို ဘာလို့ ဆရာဝန်ကောင်းတစ်ယောက်နဲ့ မပြလိုက်တာလဲ?။'

ဦးလေးက

'ပြတယ်... အခုပဲဆေးရုံဆင်းတာ... ကျုပ်သားက မွေးရာပါမျက်မမြင်လေ... ဒီနေ့ပဲ မြင်ခွင့်ရလိုက်လို့ပေါ့။'
ဆိုပြီး ပြုံးပြုံးလေးနဲ့ ပြန်ဖြေလိုက်သည်။


မူရင်း 'Don’t Judge People Before You Truly Know Them.'  David Green

Share:

Related Posts:

0 coment�rios:

Post a Comment