စနစ်ဟောင်းကို စွန့်လွတ်ရမယ်။
""""""""""""""""""""""""""""""""
တိုက်စစ်စနစ် မပပျောက်နိုင်သေးတဲ့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံရဲ့ပညာရေးနယ်ပယ်မှာ အပေးအယူစနစ်ဖြစ်တဲ့အလွတ်ကျက်စနစ်ကို အားကိုးအားထားနေရတဲ့အကျင့်ဆိုးကို စွန့်လွတ်ရပါတော့မယ်။ စာစစ်တဲ့သူတွေက တိုက်စစ်စနစ်ဆိုတော့ တစ်လုံးလွဲရင်မူးချင်ကြတယ်၊ အဲဒီလိုပဲ ဖြေတဲ့သူတွေကလဲ အလွတ်ကျက်စနစ်ဆိုတော့ တစ်လုံးမေ့လိုက်ရင်မူးနေကြပြန်။
အလွတ်ကျက်နဲ့ပဲ စာမေးပွဲတစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ရတာ ဆိုတော့လည်း ကိုင်တိုင်ဖန်တီးနိုင်မှုကအလွန်အားနည်းတတ်။ တစ်ကယ့်နားလည်တစ်ဘောပေါက်မှုဆိုတာ အလွတ်ရေးတတ်တာနဲ့တော့သိပ်မပတ်သက်။
ဒါ့ကြောင့်မို့ ဖြေတဲ့သူက တစ်ဘောပေါက်နားလည်တဲ့အတိုင်း သင်ခန်းစာနဲ့အဓိပ္ပါယ်မလွဲအောင်ရေးတတ်ဖို့ကြိုးစားသင့်သလို စာစစ်တဲ့သူတွေကလည်း စာလုံးတွေတိုက်စစ်နေတာထက် အဓိပ္ပါယ်နဲ့စာဖြေသူ၏နားလည်မှုကိုအဓိကထားပြီး စိစစ်သင့်နေပြီဖြစ်တယ်။
ဒီအပေးအယူစနစ်နှင့် တိုက်စစ်စနစ်ပပျောက်ဖို့အတွက် တစ်ပည့်တို့မှာအများကြီးမူတည်တယ်။ဘာ့ကြောင့်လဲ?

ပေါ့ဆမှုကိုစွန့်လွတ်ရမယ်။
""""""""""""""""""""""""""
ပေါ့ဆမှုကိုအခြေခံတဲ့အလွတ်ကျက်စနစ်ကို အလွန်အားကိုးနေကြတဲ့အတွက် အပေးအယူနဲ့တိုက်စစ်စနစ်တွေ နောက်ကွယ်မှာလုပ်ရှားနေတာဖြစ်တယ်။ အဲဒါကြောင့် စာမေးပွဲကြီးကိုမကြာခင် ရင်ဆိုင်ရတော့မယ့် တစ်ပည့်အားလုံးက ပေါ့ဆမှုကို စွန့်လွတ်ပြီးအလွတ်ကျက်စနစ်ကနေ သဘောပေါက်နားလည်တဲ့စနစ်သို့ကူးပြောင်းနိုင်ဖို့ကြိုးစားကြဖို့လိုအပ်နေပြီ ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ပုံနှိပ်စာအုပ်တစ်အုပ်လုံး အလွတ်ရနိုင်ဖို့က အလွန်ပင်ခက်ခဲမှာဖြစ်သလို အလွတ်ရပေမဲ့လဲ နားမလည်ရင် အကျိုးမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။ အလွတ်ကျက်စနစ်ကိုပဲ အားကိုးနေမယ်ဆိုရင်တော့ စားမေးပွဲနီးလာလေ စိတ်လှုပ်ရှားလေ (ကြောက်စိတ်ရှိလေ) ဖြစ်မှာအမှန်ဖြစ်ပြီး ထိုကြောက်စိတ်ကနေ အပေးအယူတစ်ခုဖြစ်တဲ့ ကျုရှင် ကိစ္စက လိုက်ပါလာမှာကျိန်းသေတယ်။ သို့ဖြစ်၍ အလွတ်ကျက်စနစ်နဲ့ တိုက်စစ်စနစ်ခေတ်စားနေသရွေ့တော့ ကျုရှင်ဆိုတဲ့ကစ္စကိုလည်းပဲ အသက်ရှိနေဦးမှာဖြစ်တယ်။ ထို့ကြောင့် ဆရာ/မတွေပို့ချတာမှန်သမျှ နားလည်သဘောပေါက်အောင်ကြိုးစားပြီး ကိုယ့်နည်းကိုယ်ဟန် ချရေးတတ်မယ်ဆိုရင် ကျုရှင်မရှိမှာကို ကျောင်းသူ/သားဘက်က လုံးဝစိတ်ပိုဖို့လိုတော့မှာမဟုတ်သလို ကျုရှင်ဖွင့်ပေးဖို့အတွက် ဆရာ/မ များအား စည်းရုံးတောင်းပန်နေစရာလည်း လုံးဝလိုအပ်နေမှာမဟုတ်တော့ဘူး။ ထိုနည်းဌင်းပဲ ဆရာ/မများကလည်း ကျုရှင်မှာပြတဲ့အတိုင်း စာသင်ခန်းတွေမှာ ပြတတ်ကြမယ်ဆိုရင် ဒီပေါ့ဆမှုကို စွန့်လွတ်နိုင်ဖို့ အလွန်ပင် အထောက်အကူပြုနေမှာသေချာတယ်။

ဒါလေးတော့ သတိထားရမယ်။
""""""""""""""""""""""""""""""""""
ပေါ့ဆမှုကို စွန့်လွတ်လိုက်ပြီ ကိုယ် နားလည်သဘောပေါက်တဲ့အတိုင်း စာမေးပွဲရင်ဆိုင်တော့မယ်ဆိုရင် ဒါလေးကိုတော့ သတိထားရမယ်။ သဒ္ဒါ (grammar)၊ စာလုံး (word) နဲ့ စာလုံးပေါင်း (spelling) တွေထက် ၀ါကျအထားအသို (sentence construction) ပိုပြီးအရေးပါတယ်ဆိုတာ အမြဲတမ်းသတိထားဖို့လိုပါတယ်။ ဥပမာပြောမယ်ဆိုရင်, 'I like a dog' နဲ့ 'I love a dog' မှာ love နဲ့ like က ပြသာနာမရှိဘူး။ သို့သော် 'save a dog, not kill a dog' နဲ့ 'save a dog not, kill a dog' ဆိုရင် ပြသာနာဖြစ်နေပြီ။ ကောမာ (comma (,)) ထားတဲ့နေရာလေး လွဲသွားလိုက်တာနဲ့အဓိပ္ပါယ် လုံးဝ ကွဲသွားတာပါပဲ။ အဲဒါကြောင့် စာမေးပွဲဖြေဆိုရာတွင် အခါခါပြန်ဖတ်ဖို့အလွန်အရေးပါပါတယ်။ ပြန်ဖတ်တဲ့အချိန်မှာလဲ စာလုံးတစ်လုံး ကျန်နေခဲ့မှာနှင့် သဒ္ဒါဖွဲ့စည်းမှုမှားနေမှာကို အထိကထားပြီး စစ်ဆေးဖို့မလိုအပ်ပါဘူး။ (Grammar အရေးမကြီးဘူးလို့ပြောချင်တာတော့မဟုတ်ပါ) လိုအပ်တာက ခင်ဗျားဆိုလိုချင်တဲ့အဓိပ္ပါယ် သက်ရောက်မှုရှိသလား, အဓိပ္ပါယ်များ လွဲနေမိသလား, စာစစ်မယ့် ဆရာ/မများက ခင်ဗျားဆိုလိုရင်းကို အလွယ်တစ်ကူ နားလည်သဘောပေါက်နိုင်မယ်လား, ဆိုတဲ့အချက်တွေကို လုံးဝလုံးဝ အဓိကထားပြီး အခါခါစစ်ဆေးရမှာဖြစ်တယ်။ ခုလို ဖြေတတ်၊ရေးတတ်မှ စာမေးပွဲအောင်ရကျိုးနပ်မှာဖြစ်တဲ့အပြင် ပေါ့ဆမှုရဲ့ရလဒ်ဖြစ်တဲ့အပေးအယူစနစ်တွေကိုလည်း ပျောက်ကွယ်သွားမှာအမှန်ပင်။

အားလုံးအောင်မြင်ကြပါစေ။
0 coment�rios:
Post a Comment