Nelson Mandela က အရမ်းအောင်မြင်နေတဲ့ စီးပွါးရေးသမား Peter ဆိုတဲ့ ပုဂ္ဂိုလ်ကို မနက်စာ အတူစားဖို့ ဖိတ်ခဲ့ဖူးတယ်။
ထမင်းစားဖို့ ဖိတ်တဲ့နေ့ ရောက်လာတော့ Peter က အသပ်ရပ်ဆုံး ပြင်ဆင်ပြီး သူ့ Company မှ ကားမောင်း Dumi ကို ခေါ်သွားလိုက်တယ်။
ထမင်းစားဖို့ ဖိတ်တဲ့နေ့ ရောက်လာတော့ Peter က အသပ်ရပ်ဆုံး ပြင်ဆင်ပြီး သူ့ Company မှ ကားမောင်း Dumi ကို ခေါ်သွားလိုက်တယ်။
Nelson Mandela |
Mandela ရဲ့ နေအိမ်ကို ရောက်သွားတော့ Mandela က သူ့ရဲ့ Car Parking မှာ ကြိုတင်ပြီး စောင့်နေတာကို Peter မြင်လိုက်တာနဲ့ အရမ်းအံ့သြမိပြီး ဒီလို ဆက်ပြောသွားလိုက်တယ်။
`Mr. Mandela က ကျွန်တော်တို့ကို အပြန်ဘက်ထွက်ပြီး စောင့်ကြိုနေတဲ့အတွက် ပြောမရလောက်အောင် ဝမ်းသာပီတိဖြစ်မိပြီး ကျွန်တော် ကိုယ်တိုင်လဲ နိမ့်ချမိပါတော့တယ်။´
`ကျွန်တော်တို့ နှစ်ယောက်ကို နွေးနွေးထွေးထွေး ကြိုဆိုနုတ်ဆက်ရင်း အိမ်ထဲဝင်ဖို့ ညွှန်ပြလိုက်တယ်။ အဲဒီအချိန်မှာ လိုက်နာနေကြ အစဉ်အလာတစ်ခုအရ ကားသမားကတော့ တိတ်တဆိတ် နောက်ကိုလှည့်ပြီး ကားထဲမှာဘဲ နေရစ်ခဲ့ပါတော့တယ်။´
ထမင်းစားဖို့ ဝိုင်းထိုင်ကြတဲ့အချိန်မှာ အိမ်ရှင်က တစ်ခုခု ဟာနေသလိုမျိုးနဲ့ ကျွန်တော့ကို မေးလိုက်တယ်။
`Peter... မင်းတို့ လာတာ၂ ယောက် မဟုတ်ဘူးလား...?´
ကျွန်ပ်က `မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် တစ်ယောက်ထဲ လာတာပါ ခင်ဗျာ။´
ကျွန်ပ်က `မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် တစ်ယောက်ထဲ လာတာပါ ခင်ဗျာ။´
အဲဒီတော့ သူဆက်မေးလိုက်တယ်။ `ဟို...လူကြီးမင်းတစ်ယောက်ကော...? `အော်...မဟုတ်ဘူး ခင်ဗျာ။ သူက ကားသမားလေ... ကားထဲမှာဘဲ သူစောင့်နေပါလိမ့်မယ်။´ဟု ကျွန်တော် ပြန်ဖြေလိုက်တာနဲ့ Mandela သူထိုင်တဲ့နေရာကနေထပြီး ကားသမားဆီကို ချက်ချင်း သွားလိုက်တော့တယ်။
ကားသမားဆီမှာ သူ့ကိုယ်သူ မိတ်ဆက်ပြီး ထမင်းအတူ လာစားရန် ဖိတ်လေတော့တယ်။
မီးဖိုချောင်ထဲ ဝင်လာရင်း Mandela ပြောလိုက်တာက `Dumi က ငါတို့ နဲ့အတူ ထမင်းစားမယ်ဟေ့။ နောက်ထပ် ပန်းကန်တစ်ချပ်လောက်...´
မီးဖိုချောင်ထဲ ဝင်လာရင်း Mandela ပြောလိုက်တာက `Dumi က ငါတို့ နဲ့အတူ ထမင်းစားမယ်ဟေ့။ နောက်ထပ် ပန်းကန်တစ်ချပ်လောက်...´
Martin Kalungu-Banda ၏ `Leading like Madiba: Leadership Lessons from Nelson Mandela´ စာအုပ်၊ စာမျက်နာ ၁၃ ကို ဘာသာပြန်ဆို ခြင်းဖြစ်တယ်။
ရာထူး၊အဆင့်အတန်းရှိတဲ့ လူကြီးတော်တော်များများတွေက အဆင့်အတန်းမရှိတဲ့လူတွေကို ပစ်ပယ်ထားပြီး လစ်လျူရှုနေကြတဲ့အချိန်မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်း သမ္မတ Nelson Mandela ကတော့ လူကြီးမင်းနေရာမှာ ထားပြီး ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံလိုက်တာပါပဲ။
ဒါမျိုးစိတ်ဓါတ်ကိုတော့ ဖန်ဆင်းရှင်ကသာလျှင် ပေးနိုင်စွမ်းရှိတယ်လို့ ပြောရင် မှားလိမ့်မယ်မထင်ဘူး...
ခုချိန်မှာ သူမရှိတော့ပေမယ့် သူ့ရဲ့ ပြုမူဆောင်ရွက်ခဲ့တဲ့အရာတွေကိုတော့ ကမ္ဘာကြီးတည်နေတရွေ့ ရှင်သန်နေမှာ အမှန်ပါဘဲ။
0 coment�rios:
Post a Comment