အားကစားဝါသနာရှင်တွေသာမက လူတိုင်း စိတ်ဝင်စားနေတဲ့ ကမ္ဘာ့အကောင်းဆုံး အားကစားသမား Luka Modric, သူ ဘယ်လို ဒီလို ထိပ်ဆုံးထိ တက်နိုင်ခဲ့တာလဲ။ ကျန်တော်တို့က သူ့အတွေ့အကြုံ့နှင့် သူဖြတ်သန်းခဲ့ရတဲ့ဘဝ သင်ခန်းစာတွေကနေ ဘယ်လို ထပ်ဆင့် သင်ခန်းစာယူသင့်သလဲ။ အချက် 4 ခု နှင့် ဖော်ထုတ်ကြည့်ရအောင်။
၁။ လက်ရှိအောင်မြင်မှု အခြေအနေ
၁။ လက်ရှိအောင်မြင်မှု အခြေအနေ
Forbes Magazine ၏ နောက်ဆုံးအားကစား သတင်း တင်ပြချက် အရ Luka Modric ချမ်းသာမှုပမာဏ (Net Worth) ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇.၅ ရှိနေပြီဟု သိရသည်။ လက်ရှိမှာ သူသည် Spain အသင်းဖြစ်သည့် Real Madrid မှကစားနေပါသည်။ ထို့အပြင် Croatia National Football Team မှာလည်းပဲ ခေါင်းဆောင်တာဝန်ယူနေပါသည်။ Dinamo Zagreb အသင်းကို သုံးကြိမ်ထိ league champion အဖြစ် ဦးဆောင်နိုင်ခဲ့ရာကနေ အခုလိုနာမည်ကြီးလာတာ ဖြစ်သည်။
သူ့ရဲ့ဝင်ငွေတွေကို စနစ်တစ်ကျ တွက်ကြည့်မည်ဆိုရင်၊
တစ်နှစ်ဝင်ငွေ $12,283,056.00
တစ်လဝင်ငွေ $1,023,588.00
တစ်ပတ်ဝင်ငွေ $236,212.62
တစ်ရက်ဝင်ငွေ $47,242.52
ရှိနေပြီဖြစ်သည်။
တစ်လဝင်ငွေ $1,023,588.00
တစ်ပတ်ဝင်ငွေ $236,212.62
တစ်ရက်ဝင်ငွေ $47,242.52
ရှိနေပြီဖြစ်သည်။
သူသည် ဂိုးစည်းနှင့်ကွင်းလယ်အတွက် အကောင်းဆုံးကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့သူ ဖြစ်ပါသည်။ 2018 တုန်းက FIFA World Cup ၏ အကောင်းဆုံးဆု (The best FIFA men's player) နှင့် FIFA football ဆု ချီးမြင်းခြင်းခံခဲ့ပါသည်။ 2018 စက်တင်ဘာလ တုန်းက အကောင်းဆုံးဆု အတွက် အဆိုပြုခံထားရသူ Cristiano Ronaldo နှင့် Mohammed Salah တို့နှင့် London မြို့တော်မှာ ခြေစွမ်းတွေပြိုင်ကာ 29.05% နှင့် သူ အနိုင်ယူနိုင်ခဲ့တာ ဖြစ်သည်။
FIFA Player Award 2018 ယူနေစဉ် (Reuters စာမျက်နာမှ) |
၂။ သူ အပယ်ခံခဲ့ဖူးပါသည်
သူဒီလို ကမ္ဘာ့ထိပ်ဆုံး အားကစားသမား ဖြစ်နေပြီ ဖြစ်သည့်အလျောက် အကြိမ်ကြိမ် အခါခါ အပယ်ခံခဲ့ဖူးသူလည်းဖြစ်သည်။ Kolovare ရိပ်သာမှာ နေတုန်းက၊ ရိပ်သာပိုင်ရှင်က အခုလို The Daily Mail လို့ခေါ်သည့် သတင်းစာ တစ်ခုမှာ ပြောပြခဲ့ဖူးသည်။
"Modric ဆိုသည့်ကောင်က ရိပ်သာ ပြတင်းမှန်တွေ ဖောက်ကွဲတာ တော်တော်လေး များနေပြီ။ ဗုံးနဲ့ ခွဲဖောက်ရင်တောင် ပိုနည်းဦးမယ်။ မရပ်မနား ဘောလုံးပဲဆော့နေတာ အရမ်း စိတ်အနောက်အယှက် ဖြစ်တယ်"
သူဝါသနာပါရာတစ်ခု လုပ်ကိုင်ကြိုးစားနေသည့်အပေါ် သူ့ စိတ်ဓါတ် ဘယ်လောက်ခိုင်မာမှုရှိနေသလဲဆိုတာ စုံစမ်းခြင်းတွေ စ,နေပါပြီ။
သူ့ကို ဘောလုံးနည်းပြ တစ်ယောက်က ခုလို မှတ်ချက်ချနေပြန်ပါပြီ။
"ဒီကလေး ပိန်လွန်းတယ်။ ဘောလုံးသမား ဖြစ်ဖို့ သူ့မှာ လိုအပ်သည့် အင်အားမရှိဘူး။ ကြားထဲမှာ အရှက်ကြီးသေးတယ်။ မဖြစ်နိုင်ဘူး။"
ဒီလိုအပြောနဲ့အမြင် အမျိုးမျိုးက သူ့ စါတ်ဓါတ်ပြုလဲအောင် အကြိမ်ကြိမ်တုန်လှုပ်စေပါသည်။
သူ အသက် 12 အရွယ်တုန်းက၊ သူ့အိမ်နီးနားအဒေါ်တွေက အခုလို အကြုံပြုကြပါသည်။
"သား မင်း အသုံးမကျတဲ့ဘောလုံးကစားနေမယ့်အစား အလုပ်တစ်ခုခု ထွက်ရှာလိုက်ရင်မကောင်းဘူးလား? မင်းအဘိုးလည်း ဆုံးသွားပြီ၊ မင်အဖေလည်း တပ်ထဲမှာ၊ မင်းက မင်းတို့ မောင်နှမတွေထဲမှာ အကြီးဆုံးလေ၊ မင်း အရာရာကြိုးစား ကြံစည်တတ်မှပေါ့"တဲ့။
ဒီကလေးကတော့ အလွန်ပင်အံ့သြစရာ ကောင်းပါသည်။ ဒီလို စိတ်ဓါတ်ကျစေသည့် အမျိုးမျိုးသော ဖိအားတွေကြားမှာ သူ့အိမ်မက်အတွက် သူ လုံးဝမယိုင်တတ်ဘူး။
သူ အသက် 16 နှစ်ရှိလာချိန်မှာ Club Hajduk FC မှာကစားခွင့် လျှောက်လိုက်သည်။ သို့သော် အသင်းခေါင်းဆောင်က"မင်းမဖြစ်နိုင်ဘူး"ဟုပြောသည်။ သူ မကျေနပ်သဖြင့် အသင်းနည်းပြတစ်ယောက်နှင့် သွားတွေ့လိုက်သည်။ သူက "မင်း ငယ်လွန်းတယ်၊ ဒီခန္ဓာကိုယ်နဲ့ မဖြစ်နိုင်ဘူး၊ ထပ်ကြိုးစား လိုက်ပါ" ဟုပြောကာ အသာလေး မောင်းထုတ်လိုက်သည်။
သို့သော် ဒီသံမဏိ စိတ်ဓါတ်ပိုင်ရှင် Modric ကတော့ ဘယ်လိုမှ မတုလှုပ်တတ်ဘူး။
အပယ်ခံလိုက်လို့ အရှုံးမပေး။ သူများအားမလိုအမရ ဖြစ်လိုက်လို့ အလျှော့မပေး။ လူတွေက သူ့မှာ လိုအပ်သည့်အရည်အချင်းတွေ မရှိကြောင်း ဘယ်လောက် ထောက်ပြထောက်ပြ၊ သူကတော့ သူလုပ်နေကျအတိုင်းပဲ မနက်မိုးလင်းမှ ညမိုးချုပ်အထိ ဘောလုံးနှင့်ကပ်ကပ် နေနေတုန်း။ သူ့ဝါသနာအတွက် အရှုံးမပေးတတ်သည့် သံမဏိစိတ်ပိုင်ရှင် Luke Modric ဆိုတာ သူပဲကို။
2018 FIFA Final တုန်းက ဝမ်းသာမျက်ရည်နဲ့ Modric (Match of the day Twitter စာမျက်နာမှ) |
၃။ သူ့မိသားစုက ထောက်ပံ့မှုမပေးနိုင်
1985 ခုနှစ်၊ သူမွေးတုန်းက Croatian လွတ်လပ်ရေးအတွက် အမျိုးမျိုးသော သူပုန်တွေထကာ စစ်ပွဲကြီးနှင့် မငြိမ်မသက် ဖြစ်နေသည့်ကာလ ဖြစ်သည်။ စစ်ပွဲအေးလိုက်၊ ပြင်ထလိုက်နှင့် သူ 6 နှစ်အရွယ် ရှိသည်အထိ စစ်ပွဲထဲမှာ နှစ်မျှောခဲ့ရသည်။ သူ တို့သမိသားစုလုံး ရှာကျွေးနေသည့် သူးအဘိုးနှင့် အိမ်နီးချင်း အစ်ကို 6 ယောက်၊ သူပုန်တွေက ခေါ်ဆောင်ဖမ်းဆီးရာ၊ နောက်ဆုံး သူတို့ရှေ့တည့်တည့်မှာပဲ သတ်ပစ်ခဲ့လေသည်။ ဒီလိုအခြေအနေ ဆိုးရွားလာမှုကြောင့် မဖြစ်မနေ သူ့အဖေ တပ်ထဲဝင် အမှုထမ်းဖို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြန်ပါသည်။
သိပ်မကြာပါဘူး။ သူတို့ အိမ်လည်းပဲ မီးရှု့ခံရကာ သုညဘဝအောက် ရောက်နေရလေပြီ။ ဒီလိုကြောင့် စစ်ဘေးရှောင်ဘဝအဖြစ် Kolovare စခန်းမှာ ၇ နှစ်တိုင်တိုင် နေခဲ့ရပါသည်။ စစ်ပွဲ မငြိမ်မသက် ဖြစ်နေသည့်အတွက် ဘယ်မိဘကမှ သူတို့ သားသမီးတွေကို အပြင်ထွက်ကားခွင့်မပေးကြပါ။ ဒါ့ကြောင့် အမြဲတမ်း အပြင်ထွက် ဘောလုံးကန်နေသည့် Modric အတွက် ဘောလုံးကန်ဖော် မရှိပါ။ သူနဲ့အပြင်ထွက် ကစားဖို့ ဘယ်မိဘကမှ သူတို့သားသမီးတွေကို လွတ်မပေးနိုင်ကြပါ။ ဒီလို ဘောလုံးအပေါ် ရူးသွပ်နေသည့် Modric ကိုတော့ သူ့ အမေက ဒီတိုင်းမကြည့်ရက်တော့ဘူး၊ အားကစားကျောင်း တစ်ခုခုမှာ ကျောင်းနေပေးနိုင်မှ စိတ်ပျှော် ကျေနပ်နိုင်မှာဖြစ်သည်။
ထို့ကြောင့် ဈေးအပေါဆုံး အားကစားကျောင်းတစ်ခု မှာ အမေဖြစ်သူက သူ့ကို ကျောင်းအပ်လိုက်ပါပြီ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် သူတို့မိသားစု စားဖို့သောက်ဖို့ ထဲက မရှိရှိအောင် ကြိုးစားအားထုတ်နေခြင်းပင်။ Modric ကအကြီးဆုံးဆိုတော့ သူက သူညီ၊ ညီမတွေကို ထောက်ပံ့ရမှာကို။ သူ့မိသားစုကို လုပ်ကျွေးမည့်သူက သူဖြစ်နေတာလေ။
သို့သော်၊ သူ့ဝါသနာပါရာအတွက် သူ့မိသားစုက အားပေးထောက်ခံကြကာ တတ်နိုင်မည့် အားကစားကျောင်းသို့ ပို့ပေးလိုက်ခြင်းဖြစ်သည်။
မကြာပါဘူး၊ လိုအပ်သည့် ကျောင်းလခ မှန်မှန်မပေးနိုင်လို့ အရှက်ကွဲရကာ သူ့ဖာသာသူ ကျောင်းကနေ ထွက်ရှာပါသည်။ ဒီလို ထွက်လိုက်ခြင်းက ဘောလုံးကစားရာကနေ အနားယူ၊ အလျော့ပေးဖို့ မဟုတ်ပါ။
သူ့မိသားစုကတော့ ဒီကလေးရဲ့ စိတ်အား ထက်တန်မှုကို အမြဲ အလေးထားကြသည်။ အမြဲတမ်းအားပေးသည်။ အောင်မြင်သည့် ဘောလုံးသမား ဖြစ်စေချင်ကြသည်။ သို့သော် ငွေရေးကြေးရေးက ပြသာနာ။ ကျောင်းကောင်းမှာ ထားဖို့ နေနေသာသာ၊ အနိမ့်ဆုံးတစ်ကျောင်းမှာတောင် ပိုက်ဆံမတတ်နိုင်လို့ အရှက်တွေကွဲခဲ့ပြီ။
ဒီလို ခက်ခဲ ကြမ်းတမ်းလှသည့် သူ့ဘဝ ခဏတာမေ့ပစ်ဖို့ဆိုရင် ဘောလုံးက လွဲလို့ သူ့ကို ပျှော်ရွင်မှုပေးနိုင်သည့် အရာဆိုတာ မရှိတော့ပါ။ ဘယ်သူက သူ့ကို ဘယ်လို လောင်ပြောင်လောင်ပြောင်၊ သူ့အတွက် ဘောလုံးဆော့ဖို့အချိန်ပေးနိုင်သည့်သူ ဘယ်ကလေးမှမရှိ၊ ဆင်းရဲ့ ဒုက္ခဒဏ်ကြောင့် မျက်နာငယ် အခါခါအရှက်တွေကွဲ ပေမည့် သူကတော့ လုံးဝ စိတ်ဓာတ်မကျ၊ သူ့ မျော်လင့်ချက်က သူ့ကိုအမြဲခွန်အား ဖြစ်စေ၊ သူ့ဝါသနာပါရာတစ်ခု လုပ်နေရသည့်အချိန်လောက် သူ့မှာပျှော်ရွင်ကြေနူးရသည့်အချိန် ဆိုတာမရှိ။
နောက်ဆုံး Dinamo Zagreb မှာ ပါဝင်ကစားခွင့်ရလိုက်သည်။ ထို အသင်းမှာ ပါဝင်ကစားတာ သိပ်မကြာသေးပဲ Chiampion League အဖြစ် ဆက်တိုက် ပို့ပေးနိုင်ခဲ့လေသည်။
Modric မိသားစု FIFA Football ဆုပေးပွဲ 2018 (Bishop Jkedi စာမျက်နာမှ) |
၎။ Modric က အခုလိုပြောပါသည်
"သင်ဝါသနာပါတဲ့အရာကလွဲရင် သင့်ကို ပါရမီရှင်တစ်ယောက်ဖြစ်အောင် ပို့ပေးနိုင်တဲ့အရာ မရှိပါ။ ကိုယ်ဝါသနာပါရာအလုပ်တစ်ခု စွန်လွတ်ရဖို့လောက် နာကျင်စရာကောင်းတဲ့ ခံစားချက်ရှိမယ်မဟုတ်ပါ။ ကျန်တော်ကတော့ ကျနပ်ဝါသာနာပါရာကို စွန်လွတ်ဖို့ရန်အတွက် ကျန်ပ်မှာ ခွန်အား မရှိပါ။ ကျနပ် ဝါသနာတစ်ခုအတွက် ပေးဆပ်ဖို့ဆိုရင်တော့ အမြဲအဆင်သင့်ပါ"ဟု သူ့ Twitter စာမျက်နှာမှာ ရေးဖူးသည်။
Real Madrid အသင်းနှင့် စာချုပ်ချုပ်အပြီးမှာ၊
ဟု Sport Bible နှင့် interview မှာ ပြောသွားခဲ့ပါသည်။ သူဖြစ်ချင်သည့်အတိုင်းပါပဲ၊ သူဖြစ်နေနိုင်ပါပြီ။
"ကျန်ပ်ကို အရာရာပေးဆပ်ခဲ့တဲ့ ကျနပ်မိသားစု အတွက် အားကူးရာ ဖြစ်ချင်မိတယ်"
ကိုယ့်မှာရှိသည့် ဝါသနာ တစ်ခုအတွက် နောက်မဆုတ် စိတ်ဓါတ်မကျပဲ ရှေ့တိုးကြိုးစားနေမယ် ဆိုရင်၊ အောင်မြင်ခြင်း ပန်းတိုင်က အသင့်စောင့်နေတယ်ဆိုတာ ငြင်းလို့မရကြောင်းကို သူ သာဓက ပြနေပြီ ဖြစ်သည်။
Real Madrid အောင်ပွဲခံနေပုံ (Total Sportek စာမျက်နာမှ) |
YouTube Video ကြည့်ရန်
0 coment�rios:
Post a Comment