သင်မသိတဲ့ V Day အကြောင်း ၆ ခု



၁။ ဘယ်လိုစတင်ခဲ့တာလဲ?

ရာစုနှစ် ၃ စု (အေဒီ ၂၁၀-၂၇၀) တုန်းကပေါ့၊ ရောမဧကရာဇ် Claudius II က ခရစ်ယာန်ဘုန်ကြီးမှန်သမျှ အိမ်ထောင်မပြုရ၊ လွတ်လပ်စွာ စစ်မှုထမ်းနိုင်ရန် ယောကျားမှန်သမျှ
အိမ်ထောင်မပြုရ ဟု အမိန့်ထုတ်ပြန်ခဲ့သည်။  ထိုအချိန်မှာ ဂိုဏ်းချုပ်ဆရာ Valentine က အမိန့်တော်နာမခံပဲ တိတ်တဆိတ် အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ပွဲကျင်းပရာ၊ ဧကရာဇ် Claudius II က ကြားသိလိုက်ရသည်။ ဤသို့ အမိန့်မနာခံပဲ အိမ်ထောင်ပြုလိုက်သည့် Valentine သည် ထောင်ထဲထည့်ကာ ရက်ရက်စက်စက် ညင်းပန်းနှိပ်စက်ပြီးနောက် သေဒဏ်ချမှတ်လိုက်သည်။

Valentine သေဒဏ်မချပေးခင်၊ ထောင်ထဲမှာတုန်းက ထောင်မှူးရဲ့ မျက်မမြင်ချစ်သမီးလေးကို သူ့ပညာနှင့်ဆေးကုသပေးကာ ဘုရားသင်၏ ကယ်သင်ခြင်းဆိုင်ရာ သတင်းကောင်းတွေပါ အခါအားလျှော်စွာ မျှဝေလေ့ရှိသည်။ တနေ့မှာ သူ့ကိုသေဒဏ်ချမှတ်တော့မည့် အကြောင်းကို Valentine ကြားသိလိုက်ရာ၊ သူ့လူနာ မျက်မမြင်ကလေးကို အခုလို စာတိုလေးပေးပို့လိုက်သည်။

"Julia ငါမင်းကိုလာတွေ့နိုင်မှာ မဟုတ်တော့ဘူး၊ ဘုရားကို အမြဲဦးထိပ်ထားနော်"​ဟု မြန်မြန်လေးရေးကာ ဘယ်ဘက်အောက်ထောင့်မှာ
'သီးမီးရဲ့ Valentine ' ဟု လတ်မှတ်ထိုးထားလိုက်သည်။

နောက်နေ့၊ ဖေဖဝါရီ ၁၄ ရက်နေ့၊ အေဒီ ၂၇၀ ခုနှစ်၊ မနက်မိုးလင်းတဲ့အချိန် မြို့တော်ဝင်ပေါက်နားမှာ လူအုပ်တွေစုလာကာ၊ သေဒဏ်ချမှတ်ခြင်း ခံလိုက်ရသည့် Valentine သတ်သေသည့်မြင်ကွင်းကို ကြည့်ရှုခံစားဖို့လာနေကြခြင်းဖြစ်သည်။ Valentine သတ်သေခံလိုက်ရသည့် ဤ နေရာကို Porta  Valentini ဟုအမည်တွင်ခဲ့သည်။ ဒီလိုချစ်ခြင်းမေတ္တာကြောင့် သေဒါဏ်ပေးခံလိုက်ရသည့်  Valentine ကို ဂါရဝပြုရာကနေ Valentine Day ဖြစ်ပေါ်လာတာဖြစ်သည်။



၂။ မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု

ထောင်မှူးက သူ့သမီးအတွက်  Valentine ရေးထားသည့်စာ ရင်ခုန်ဝမ်းနည်းစွာနှင့် သမီးရှေ့မှာ ဖွင့်ပြလိုက်ပါသည်။ သူ့သမီးအပေါ် Valentine ထားသည့်စေတနာ၊ မေတ္တာတွေက ဘယ်လောက်ကြီးမားဖြူစင်နေတယ်ဆိုတာ သိလိုက်ရသည့်အတွက် အလွန်ပင် ရင်ခုန်ပျှော်ရွင်နေပေမည့် မျက်ကန်းနေသည့်သမီးက ဒီစာဘယ်လိုလို့ဖတ်လို့ရမလဲ၊ တွေးနေမိကာ အလွန်ဝမ်းနည်းနေခြင်းဖြစ်သည်။

သမီး Julia က ထိုစာကိုကိုင်ကြည့်လိုက်ရာ ကုံကုမံပွင့်တစ်ပွင့် စာရွက်ကြားထဲညှပ်နေသလိုမျိုး အမြင်အာရုံတစ်ခု ဖျက်ခနဲရလိုက်သည်။ စာရွက်ကိုလက်ထဲဝှက်ကာ သေချာ ပြန်ကြည့်လိုက်ရာ ရောင်စုံသန်းနေသည့် လောကသဘဝအလှတရားကို ချက်ချင်းတွေ့မြင်ခံစားခွင့်ရလိုက်သည်။ အံ့မခန်းပါပဲ အခုချိန်ကအစ Julia မျက်စိကောင်းလာကာ အရာရာမြင်နိုင်ခွင့်ရလာပြီဖြစ်သည်။

Julia အတွက် သူ့ကိုဆေးကုသပေးသည့် Valentine ဆိုတာ လို့ဝမေ့လို့မရဘူး။ သူ့နှလုံးသားထဲမှာ Valentine သင်ပေးခဲ့သည့် ကယ်တင်ခြင်းတရား၊ ချစ်ခြင်းမေတ္တာအကြောင်းတွေက လွမ်းမိုးနေရာယူနေဆဲ။ Valentine မြေမြှပ်သင်္ဂြိုလ်ရာနေရာဖြစ်သည့် Church of Praxedes မှာ  Julia က သူ့ကိုသတိရကြောင်း ကုံကုမံပင်စိုက်ထားခဲ့သည်။ သူ စိုက်ထားခဲ့သည့် ဒီ အပင်သည် ယနေ့ထိပင် ထင်ရှားနသေးကြောင်းသိရပါသည်။ ဒီလို ချစ်ခြင်းမေတ္တာ၏ တန်ခိုးတော်ကြောင့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို တန်ဖိုးထားအသိအမှတ်ပြုသည့် Pope Gelasius I က ဖြူစင်သည့်စိတ်ထားပိုင်ဆိုင်ထားသူ၊ ချစ်ခြင်းမေတ္တာတစ်ခုတည်းအတွက် အသက်စွန့်ရရှာသူ၊ Valentine ကို ဂါရဝပြု ဂုဏ်ပြုသောအားဖြင့် ဖေဖဝါရီ ၁၄ ရက်နေ့သည် St. Valentine's Day ဟုသတ်မှတ် ခေါ်ဆိုအလေးအမြတ်ထားရန် အေဒီ ၄၉၆ ခုနှစ်၊ ဖေဖဝါရီ ၁၄ ရက်နေ့တွင် ကြေညာအမည်ပေးခဲ့ရာ ယနေ့အထိ ချစ်ခြင်းမေတ္တာဆိုင်ရာ ရက်မြတ်တစ်ရက်အဖြစ် ဆက်လက်အလေးအမြတ်ထားကာ "ချစ်သူများနေ့"​ သို့မဟုတ် 'V Day' ဟု လူတိုင်းခံစား နားလည်နေကြခြင်းဖြစ်သည်။


၃။ ဘာကြောင့်  V Day မှာ Chocolate တွေပေးကြရတာလဲ

V Day မှာ လူတွေအများဆုံးပေးကြသည့် လက်ဆောင်က Chocolate ဖြစ်သည်။ ၁၈၂၂ ခုနှစ်၊ ဖေဖဝါရီလ တုန်းက John Cardburry ဟုခေါ်သည့် ကော်ဖီကုပ္မဏီပိုင်ရှင်တစ်ယောက်က နှလုံးပုံဖော်ထားသည့် Chocolate အထုတ်ကို သူ့ချစ်သူပေးလိုက်ရာကနေ လူကြိုက်များလာတာဖြစ်သည်။

ထိုအချိန်မတိုင်ခင်တုန်းက Valentine Card (V Card) ဟုခေါ်သည့် Hallmark ကုမ္ပဏီထုတ် ကဒ်တွေကိုပဲသုံးနေကြပါသည်။ တစ်ချို့သော ရှေးလူကြီးတွေက V Card လက်ခံရခြင်းကြောင့် ကံနိမ့်စေသည်ဟု အယူအစရှိသည်။ ထို့ကြောင့် တစ်ဖြည်းဖြည်းနဲ့ လူတွေက Chocolate ဘက်ကိုအားပေးကြတာဖြစ်မည် ဟုယုံကြည်သည့်လူတွေရှိသည်။ နှလုံးပုံဖော်ထားသည့် Chocolate ဟာဆိုရင် V Card နှင့်တခြားစီဖြစ်သည်။ ၁၈၀၀ ခေတ်တုန်းကဆိုရင် ရောမမှာ စိတ်အထူးကုဆရာဝန်တစ်ယောက်က သူ့လူနာလူငယ်များကို ဒီ နှလုံးပုံဖော်ထားသည့် Chocolate တိုက်ကျွှေးခြင်းအားဖြင့် ရောဂါကုသရာ ကျန်းမာလာသည့်လူအများကြီးရှိဖူးကြောင်း The Daily Meal မှာရေးသားထားပါသည်။ ထို့ကြောင့် အချစ်ရေးဆိုင်ရာမှာ အစွမ်းထက်လှသည့် Chocolate သာ လူရွေးများကာ ပေါ်ပြူလာဖြစ်လာခဲ့ခြင်းဖြစ်သည်။



၎။ V Day မှာ ကံတွေစမ်းကြသည်

ရှေးခေတ်တုန်းက ရောမမှာ Valentine ပွဲ ၃ ရက် (ဖေဖဝါရီ ၁၃၊၁၄၊၁၅) ကျင့်ပလေ့ရှိသည်။ ထိုပွဲမှာ ကောင်လေးတွေက ကောင်မလေးတွေရဲ့နာမည်တွေကို စာရွက်ထဲလိပ်ကာ တစ်ယောက်ပြီးတစ်ယောက် မဲနှပ်ကံစမ်းကြသည်။ ထိုသို့မဲနှိပ်ရာတွင် ရသည့် ကောင်မလေးနာမည်သည် သူ့အိမ်ထောင်ဘက်ဖြစ်လာသည်ဟု ယုံကြည်ကြသည်။ ထိုပွဲမှာပဲ ကောင်လေး နှစ်ယောက်စီတွဲကာ လူအုပ်ကြားမှာ ဆိတ်သားရေကြိုးနှင့် လူတွေမထိအောင် လွှဲဆော့ကစားရသည်။ အကယ်၍ ဒီသားရေကြိုးနှင့် ကောင်မလေး တစ်ယောက်ယောက် မတော်တစ ထိလိုက်မိတယ်ဆိုရင် ထိုကောင်မလေးသည် အပျိုသန့်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ထိုကောင်မလေးက အိမ်ထောင်ပြုလိုက်ရင် သားကောင်းသမီးကောင်းတွေ ထွန်းကားမည်ဟု ယုံကြည်ကြသည်။



၅။ V Day မွေးနေ့ရှင်များ

V Day မွေးနေ့ရှင်များသည်၊ အောင်မြင်ကျော်ကြားတတ်သည်၊ ရည်းစားများ၊ မျက်နှာများ၊ လူကြိုက်များတတ်သည်ဟု အယူအစရှိသည်။ သို့သော် V Day မှပေါက်သည့်နွား မွေးဖို့မသင့်တော်သလို့ V Day မှာ ပေါက်သည့်ကြက်ဥသည် အကုန်လုံး မြုံတတ်သည်ဟု ရှေးအယူအစတစ်ခုရှိပါသည်။ V Day မွေးနေ့ရှင်များထဲက အောင်မြင်ကျော်ကြားသည့် ပုဂ္ဂုလ်တစ်ချို့ကတော့၊ ရုပ်ရှင်ဒါရိုက်တာ သရုပ်ဆောင် Barrymore (၁၈၈၂)၊ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင် Jimmy Hoffa (၁၉၁၃)၊ အမေရိကန် လူရွှင်တော် Jack Benny (၁၈၉၄) စာရေးဆရာ၊ သတင်းစာဆရာ Carl Bernstein (၁၉၄၄)၊ အဆိုကျော် Renee Fleming (၁၉၅၉)၊ အဆိုကျော်၊ ရုပ်ရှင်သရုပ်ဆောင် Florence Henderson (၁၉၃၄) စသဖြင့် သာဓက အများကြီးရှိသည်။


၆။ V Day မှာ Chocolate လက်ခံပေးမည့်သူရှိလား?

ချစ်သူရည်းစားမရှိလို့ V Day မှာ အထီးကျန်နေပါသလား? Chocolate ဝယ်ရင်လည်း ဘယ်သူ့ကိုပေးရမလဲ? ပေးစရာ ချစ်သူမရှိလို့ အားငယ်နေပါသလား?

အားမငယ်ပါနဲ့၊ သင့် Chocolate လက်ခံပေးမယ့်သူရှိပါသည်။ သင့်ကိုချစ်သည့်သူ အများကြီးပါ။ သင်လည်း သူတို့ကို ချစ်နေပါတယ်။ ချစ်သူရည်းစားထက် အစပေါင်းများစွာ ပေးဆပ်နိုင်တဲ့အချစ်မျိုးနှင့် ချစ်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ဖြစ်သည်။ ဒါတွေက၊ သင့်မိဘ၊ ညီအကိုမောင်နမ၊ အစ သင် ချစ်လှသည့် သင့်ရဲ့ အိမ်မွေးတရိစ္ဆာန်အထိ သင် Chocolate တွေဝယ်ပေးနိုင်ပါသည်။ ချစ်သူရည်းစားမှသာလျှင်ပေးရမှာ မဟုတ်ပါ။ သင်ပေးလို့ရသည့် လူ အများကြီးပါ။

V Day ဟုပြောလိုက်တိုင်း လူငယ်သဘာဝအရ ချစ်သူရည်းစား တစ်ခုထဲ မြင်ယောင်သတိရနေဖို့မဟုတ်ပါ။ ဒီထက်ကျယ်ပြန့်သည့် အဓိပါယ် သူ့မှာရှိပါသည်။ V Day မှာ ပျှော်ပါစေ။ ချစ်ခြင်းမေတ္တာ မျှဝေနိုင်ပါစေ။


Share:

0 coment�rios:

Post a Comment