သမိုင်းတွင်တဲ့ဆွေးနွေးပွဲ


လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက Harvard University ရဲ့ ဘွဲ့ကြိုကျောင်းသားများအဆောင် Kirkland House,​ အခန်း H-33 မှာ ကျောင်းသား ၆ယောက်က ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ရာ သမိုင်းတွင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲလေးက စိတ်ဝင်စားဖို့အရမ်းကောင်းသလို တကမ္ဘာလုံးလည်း တကယ်ပြောင်းလဲစေခဲ့ပါတယ်။
အခန်း H-33 မှာနေတဲ့ အသက် ၁၉ နှစ်အရွယ်ကျောင်းသားလေးက ဆွေးနွေးပွဲ စ စီစဉ်လိုက်တာပါ။ သူက သူ့သူငယ်ချင်း ၅ယောက်ဖိတ်ကာ သူ့မှာကြီးမားတဲ့ အိပ်မက်အကြံအစည် တစ်ခုရှိကြောင်း၊ ဒီအတွက်လက်တွဲဖို့ စည်းရုံးဖိတ်ခေါ်လိုက်တာဖြစ်ကြောင်း စ ပြောပြလိုက်ပါတယ်။

အကြီးအကျယ်ဆွေးနွေးကြပါတယ်။

၃,၄ နာရီခန့်ဆွေးနွေးလို့အပြီး "ဒီအိပ်မက်လုံးဝမဖြစ်နိုင်ဘူး"​ဟုတ် ငြင်းသူကငြင်း၊ "ငါ့မှာအရည်အချင်းမရှိဘူး"လို့ ပြောတဲ့သူကပြော၊ ၅ယောက်ထဲမှာ ၃ယာက်က လက်မခံနိုင်ကြောင်းနှင့် လက်တွဲလုပ်ကိုင်ဖို့မဖြစ်နိုင်ကြောင်း ငြင်းပယ်လိုက်ပါတယ်။

ကျန် ၂ယောက်မှာတော့ ဟို ၃ယောက်နဲ့မတူ ကွဲပြားတဲ့အတွေးအခေါ်ရှိနေတာတွေ့ရပါတယ်။
ဒီ ၂ယောက်က ဒီအကြံအစည်ဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားဖိုလည်း အရမ်းကောင်းတယ်။ ဒီအိပ်မက် ဖြစ်မြောက်အောင် ကြိုးစားအားထုတ်ဖို့ စိတ်လှုပ်ရှားစရာပဲ။ ကြိုးစားရအောင်။ ဖြစ်လာမှာပါ။ ဟုဆိုကာ နွေးနွေးထွေးထွေးလက်ခံလိုက်တယ်။

သူတို့နှစ်ယာက်ကတော့ Dustin နှင့် Eduardo ဟုတ်လူသိများနေပါပြီ။ ယခုဆိုရင် Dustin Moskovitz ရဲ့ချမ်းသာမှုပမာဏဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၆.၅ ထက်များနေပြီဖြစ်ပြီး၊ Eduardo Saverin လည်းပဲ အမေရိကန်ဒေါ်လာသန်းပေါင်း ၃.၄ ထက်မနည်း ချမ်းသာနေပြီဖြစ်တယ်။

ဒီနှစ်ယောက်ကတော့ အကောင်းဘက်ကနေတွေးကာ ဖြစ်နိုင်မယ်ဟုတ်ယုံကြည်တဲ့အတွက် သူတို့ရဲ့ သူငယ်ချင်းနဲ့ ပူးပေါင်းလုပ်ကိုင်ရာကနေ အခုလိုအောင်မြင်လာကြတာဖြစ်တယ်။ ဒီအောင်မြင်ရေးအတွက် အိပ်မက်ကြီးကြီးမက်ကာ ဆွေးနွေးပွဲစီစဉ်သူကတော့ တခြားလူမဟုတ်ပါ၊ လူတိုင်းရင်းနှီးပြီးဖြစ်တဲ့ Mark Zuckerburg ပဲဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာမှုပမာဏဟာလည်းပဲ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၈.၉ ရှိနေပြီဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ဒီလူငယ်လေး ၃ယောက် တည်ထောင်ခဲ့တဲ့ Facebook ဟာဆိုရင်, ယခုဆို တစ်ကမ္ဘာလုံးရဲ့လူဦးရေ ၆၆% လောက်က နေ့စဉ်အသုံးပြုနေပြီဖြစ်ပြီး လူနေမှုပုံစံအသစ် ထုဆစ်နေခဲ့ပြီဖြစ်တယ်။

သင်ခန်းစာ၊ 
အောင်မြင်းခြင်းတစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက်
၁။ အမျှော်မမြင်ရှိရပါမယ်။
၂။ အခွင့်အရေး လက်လွတ်မဆုံးရှုံးမိစေနဲ့။
၃။ အပျက်သဘောဆောင်တဲ့အတွေးမျိုး လုံးဝမတွေးရပါ။
၎။ ချက်ချင်း ထ လုပ်ကာကြိုးစားအားထုတ်လိုက်ပါ။
Share:

0 coment�rios:

Post a Comment