𝖋𝖗𝖊𝖊 𝖉𝖔𝖜𝖓𝖑𝖔𝖆𝖉
Gene တွေဖျက်၊ ညှပ်၊ ကပ် ခြင်းဆိုင်ရာ သုတေသနနယ်ပယ်ထဲရောက်နေတဲ့ ချစ်သူငယ်ချင်းများနှင့် ဒီနယ်ပယ်ထဲဝင်ရောက် သုတေသနလုပ်ဖို့ ရည်ရွယ်နေတဲ့သူတွေအတွက် လိုအပ်တဲ့ ဆော့ဖ်ဝလ်တစ်ခု အခမဲ့မျှဝေချင်ပါတယ်။ မျှဝေချင်တဲ့ဆော့ဖ်ဝလ်လေးကတော့ Primer Premier 6.0 ဖြစ်ပြီး primer ဆောက်ဖို့ သီးသန့် ဆော့ဖ်ဝလ်တစ်ခုဖြစ်ပါတယ်။
သူငယ်ချင်းတို့ သိနေပြီးအတိုင်းပဲ Primer ဆောက်လို့ရတဲ့ဆော့ဖ်ဝလ်ဆို အမျိုးမျိုးရှိပါတယ်။ ဥပမာ Molecular ဆိုင်ရာ တူးလ်းတွေဖြစ်တဲ့ DNAMAN, DNA STAR, OLIGO 7, VECTOR NTI စသဖြင့်ပေါ့။ ဒါပါမကဘူး လိုင်းပေါ်မှာလည်း ဆောက်လို့ရပါတယ်။ Primer-Blast NCBI ဆို တော်တော်လေးကောင်းပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေ ရှုပ်တဲ့အချိန်တွေရှိတတ်တယ်။
Primer-Blast NCBI ဆိုရင် လိုင်းပါမှရတာရယ်, လိုင်းရှိပေမယ့် Internet မကောင်းရင် သိပ်အဆင်မပြေဖြစ်တတ်တယ်။ စောစောက ပြောထားတဲ့ ဆော့ဖ်ဝလ် ၅ ခုလည်းပဲ အရမ်းကောင်းပါတယ်။ ကျနော်ဆို Oligo 7 နှင့် Vector NTI အရမ်းကြိုက်တယ်။ သူ့မှာ functions တွေအများကြီးပါနေတော့ Enzyme restriction site ရှာဖို့, protein sequence analysis လုပ်ဖို့, alignment လုပ်ဖို့, probes လုပ်ဖို့ (siRNA/molecular beacon), vector ဆောက်ဖို့ စသဖြင့် analysis အမျိုးမျိုး ဆောင်ရွက်ဖို့အတွက်ဆို အရမ်းမိုက်ပါတယ်။
ဒါပေမယ့်၊
တစ်ခါတစ်လေ primer ဆောက်တဲ့အချိန်မှာ ရိုးရိုးရှင်းရှင်းလေးနဲ့ သီးသန့် primer ဆောက်တဲ့ ဆော့ဖ်ဝလ်တွေသုံးရင် ပိုအဆင်ပြေမြန်ဆန်တတ်တယ်။ ဒီလို သီးသန့်ဆော့ဝလ်မျိုး လိုအပ်သူတွေအတွက် အခုတင်ပေးတဲ့ဆော့ဖ်ဝလ်လေးဆို အရမ်းအဆင်ပြေပါတယ်။ မသုံးဖူးသေးရင် စမ်းသုံးစေချင်တယ်။
ဒီဆော့ဖ်ဝလ်က၊
၁။ သုံးရတာအရမ်းလွယ်ကူတယ်။ (ကြိုတင်လေ့လာစရာတောင်မလိုဘူး)
၂။ ရိုးရှင်းတယ်။
၃။ မြန်ဆန်တယ်။
၄။ False priming ရှောင်ပေးတယ်။ တကယ်လို့ ရှောင်မရရင် false priming ဖြစ်နေတဲ့နေရာ အတိအကျ ပြပေးတယ်။ ဆိုတော့ Mannual နည်းနဲ့ဖယ်လို့ရတယ်။
၃။ Cross homolog အလိုအလျှောက်ရှောင်ပေးတယ်။ Dimers, hairpins, တွေလည်း အလိုအလျှောက်ရှောင်ပေးတယ်။ (ရှောင်လို့မရတဲ့အခြအနေတွေကလွဲရင်)
၅။ Reverse နှင့် forward primers နှစ်စုံအအတွက် အလိုအလျှောက်ဆောက်ပေးတယ်။
၆။ Offline Blastလည်းအဆင်ပြေပြေလုပ်လို့ရတယ်။
၇။ Binding site ပြပေးတယ်။
၉။ Pre-designed primer တွေအလွယ်တကူ စစ်ဆေးပြီး ပြန်ပြင်လို့ရတယ်။
၁၀။ ကြိုက်တဲ့ primer ရွေးလို့ရအောင် ထွက်သမျှ primer product တွေအသေးစိပ်ပြပေးတယ်။
၁၁။ Mannual search အသုံးပြုကာ ကိုယ်လိုချင်တဲ့နေရာမှာ အတိအကျ primer ဆောက်လို့ရတယ်။
၁၂။ Cut/copy/paste functions အသုံးပြုပြီး Template sequence တည်းဖြတ်လို့ရတယ်။
ကြိုက်ရင်အောက်က link တစ်ချပ်ကလေးနှိပ်ကာ download ဆွဲယူနိုင်ပါတယ်။ File size က 51 MB ပဲရှိတာမို့ တစ်ချို့ Android Application တွေထက်တောင် file size သေးပါတယ်။ Install လုပ်နည်းပါထည့်ပေးထားပါတယ်။ Install မလုပ်ခင် Readme ဆိုတဲ့ file အရင်ဖတ်ထားပါ။ ဒါကတော့ evaluation version ကို lifetime activated ဖြစ်အောင် repack လုပ်ထားတာြဖစ်ပါတယ်။ Subscription နဲ့သုံးချင်ရင် Premierbiosoft သို့ဝင်ရောက်လေ့လာပါ။
Download link:
https://dl.orangedox.com/primer-repack-khaikok
ပျှော်ရွှင်စရာ ခရစ်စမတ်ကာလမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ခြင်းများ ပိုင်ဆိုင်ကြပါစေ။
ကျေးဇူးတင်ပါတယ်။

0 coment�rios:
Post a Comment