Covid-19 ကာကွယ်ဆေး အမှန်တကယ် ပေါ်လာပြီ

Covid-19 ကာကွယ်ဆေးနှင့်ပတ်သက်တဲ့ စာတမ်းတစ်စောင် Nature Communication ဂျာနယ်တွင် ဖတ်ခဲ့ရပါတယ်။ 

တနင်္လာနေ့က Utrecht University မှ တင်ပြခဲ့တဲ့ တွေ့ရှိချက်အသစ်တစ်ခုဖြစ်ပြီး SARS-CoV-2 (COVID-19) ကို အမှန်တကယ် တားဆီးနိုင်တဲ့ လူ့ရဲ့ monoclonal antibody ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီဖြစ်တယ်။ 

ဒီ antibody က Covid-19 ဗိုင်းရပ်စ်ရဲ့ epitope ကိုပစ်မှတ်ထားတဲ့အတွက် ရောဂါကွယ်ရန်နှင့် ကုသရန်အတွက် ခိုင်မာတဲ့ခြေလှမ်းတစ်ခု ပေးနိုင်ပြီဟု ဆိုနိုင်ပါလိမ့်မယ်။ 

***

အခုလည်းပဲ ပြီးခါနီးနေပြီဖြစ်တဲ့ ကာကွယ်ဆေးဖော်ထုတ်မှုများစွာ ရှိနေပြီဖြစ်သလို Covid-19 အတွက် သေးသန့်မဟုတ်ပေမယ့် နဂိုရှိပြီးသားဆေးတစ်ချို့လည်း အချို့နိုင်ငံတွေမှာ အသုံးပြုနေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။

ဥပမာ၊

၁။ Remdesivir  

ဒီဆေးဆိုရင် Covid-19 ကုသဖို့ ဖော်စပ်ထားတဲ့ဆေး မဟုတ်သလို ခွင့်ပြုချက်လည်းမရှိသေးဘူး လို့ သိရပါတယ်။ ဒါပေမယ့် ရောဂါဝေဒနာခံစားနေသူတွေအပေါ် လက်တွေ့အသုံးပြုခြင်းအရ ဒီဆေးက အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီဆေးဟာ SARS-CoV-2 (Covid-19) အတွက်ဖော်စပ်ထားတာ မဟုတ်ပေမယ့် ဗိုင်းရပ်စ်ထဲမှာရှိတဲ့ RNA Polymerase တွေဖယ်ထုတ်နိုင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့အတွက် Covid-19 ကုသရာတွင် အရေးပါတာဖြစ်နိုင်ဖွယ်ရှိတယ်။ 

ယခုချိန်ထိ ဆေးအာနိသင်၊ ဆိုးကျိုး စတဲ့ နောက်ဆက်တွဲပြဿနာများအတွက် အငြင်းပွားနေဆဲပဲဖြစ်တယ်။

၂။ Favipiravir 

ဒီဆေးလည်းပဲ Covid-19 ကုသဖို့ ဖော်စပ်ထားတာမဟုတ်ပါ။ တုပ်ကွေးဆေးတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာ Covid-19 ကုသရာတွင် အသုံးပြုနေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ရင် ဆေးထုတ်လုပ်တဲ့ Fujifilm Toyama Chemical ကုမ္ပဏီက ဘာမှ comment မပေးချင်ဘူးလို့ပြောတယ်ဟု ဆိုပါတယ်။

( ဒီနှစ်မျိုးမကရှိတယ်)

***

Covid-19 အတွက် သေးသန့်ဖော်စပ်နေတဲ့ ကာကွယ်ဆေးတွေထဲမှ Clinical trial အဆင့် (၁-၂) (Phase I-II) မှာရှိနေလို့ ပြီးခါနီးနေပြီလို့ ပြောလို့ရမယ့် တစ်ချို့ကာကွယ်ဆေးတွေဆိုရင်၊

၁။ Ad5-nCoV

CanSino Biologics Inc. (Tianjin, China) မှ ဖော်စပ်ထားတဲ့ Covid-19 ကာကွယ်ဆေးဖြစ်ပြီး Recombinant adenovirus type 5 Vector အသုံးပြုထားပါတယ်။ Clinical trials (phase II) (၂) ကို အောင်မြင်စွာ စမ်းသပ်ပြီးပြီဟု သိရပါတယ်။ ၂၀၂၀ ဒီဇင်ဘာလတွင် အပြီးသတ်နိုင်မယ်ဟုဆိုပါတယ်။ 

၂။ ChAdOx1 nCoV-19

University of Oxford (England, United Kingdom) မှ ဖော်ထုတ်ထားတာဖြစ်ပြီး Adenovirus Vaccine vector နှင့် COVID-19 spike protein Vector တွေအသုံးပြုထားပါတယ်။  စမ်းသပ်မှု အဆင့် (၂) (Phase II) မှာရှိနေပြီး၂၀၂၁ မေလတွင် အပြီးသတ်နိုင်မယ်ဟုဆိုပါတယ်။ 

၃။ BNT162 (a1, b1, b2, c2)

BioNTech (Mainz, Germany) မှ ဖော်ထားတာဖြစ်ပြီး SARS-CoV-2 RNA အသုံးပြုထားပါတယ်။ စမ်းသပ်မှုအဆင့် (၂) (Phase II) မှာရှိနေပြီး၂၀၂၁ မေလတွင် အပြီးသတ်နိုင်မယ်ဟုဆိုပါတယ်။

၄။ INO-4800

Inovio Pharmaceuticals (Pennsylvania, USA) နှင့် International Vaccine Institute (Seoul, Korea) များမှ ဖော်စပ်ထားတာဖြစ်ပြီး DNA plasmid အသုံးပြုထားပါတယ်။ စမ်းသပ်မှုအဆင့် (၁/၂) (Phase I/II) မှာရှိနေပြီး၂၀၂၁ ဧပြီလတွင် အပြီးသတ်နိုင်မယ်ဟုဆိုပါတယ်။

၅။ mRNA-1273

Moderna, Inc. (Cambridge, USA) မှဖော်ထားတာဖြစ်ပြီး  lipid nanoparticle dispersion mRNA အသုံးပြုထားပါတယ်။ စမ်းသပ်မှုအဆင့် (၁) (Phase I) မှာရှိနေပြီး စမ်းသပ်မှုအဆင့် (၂) (Phase II) ကို ၂၀၂၁ နွေရာသီတွင် အပြီးသတ်နိုင်မယ်ဟုဆိုပါတယ်။

၆။ Covid-19/aAPC နှင့် LV-SMENP-DC

Shenzhen Geno-Immune Medical Institute (Shenzhen, China) မှဖော်ထားတာဖြစ်ပြီး
lentiviral (dendritic cells) vector အသုံးပြုထားပါတယ်။ စမ်းသပ်မှုအဆင့် (၁) (Phase I) မှာရှိနေတာဖြစ်ပြီး စမ်းသပ်မှု အားလုံးကို ၂၀၂၃ အတွင်း အပြီးသတ်နိုင်မယ်ဟုဆိုပါတယ်။

၇။ bacTRL-Spike

Symvivo Corporation (University of British, Columbia) မှဖော်ထားတာဖြစ်ပြီး DNA (bacterial medium) အသုံးပြုထားပါတယ်။ စမ်းသပ်မှုအဆင့် (၁) (Phase I) မှာရှိနေပြီး စမ်းသပ်မှု အားလုံးကို ၂၀၂၁ ဒီဇင်ဘာတွင် အပြီးသတ်နိုင်မယ်ဟုဆိုပါတယ်။

***

ကာကွယ်ဆေးဖော်တဲ့နေရာမှာ ပုံမှန်အားဖြင့် အဆင့် (၆)ဆင့် ရှိတယ်လို့သိရပါတယ်။ ပထမအဆင့်က ကာကွယ်ဆေး ဘယ်လို ဖော်စပ်မယ်၊ ဘယ်လို ဒီဇိုင်းဆွဲမယ်ဆိုတဲ့အဆင့်။ 

ဒုတိယမှာတော့ ဖော်စပ်ထားတဲ့ ကာကွယ်ဆေးက အဆင်ပြေမပြေ တရိစ္ဆာန်တွေနဲ့ စမ်းသပ်တဲ့ အဆင့် ဖြစ်ပြီး တတိယအနေနှင့် Clinical trials ဟုခေါ်တဲ့ လူတွေနှင့် စမ်းသပ်တဲ့အဆင့်ပါ။ 

ဒီနေရာမှာ phase I မှ III ထိရှိပါတယ်။ Clinical trials စမ်းသပ်မှုအဆင့် (Phase) (၁ နှင့် ၂) အောင်မြင်သွားရင် စမ်းသပ်မှု အဆင့် (၃) ဆက်လက် စမ်းသပ်ရမယ်ဖြစ်ပြီး၊ နောက်ဆုံး အဆင့်မှာတော့ FDA/EMA/ATGA များမှ ခွင့်ပြုချက် ရယူပြီးရင် အသုံးပြုလို့ရနေပြီဖြစ်တယ်။ 

***

အပေါ်က နံပါတ် (၁-၇) ဟာ Phase I-II (အဆင့်အားလုံး၏ ၄ နှင့် ၅ ဆင့်) မှာရှိနေတဲ့ Covid-19 ကာကွယ်ဆေး တွေပဲဖြစ်ပါတယ်။

မကြာခင် Covid-19 ကာကွယ်ဆေး (ကုသဆေး) အမှန်တကယ် ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရင်း ပျော်နေမိပါတယ်။

***
ကူးကား။
၁။ Le, Tung Thanh, et al. "The COVID-19 vaccine development landscape." Nat Rev Drug Discov (2020).
၂။ Liu, Angus. "China's CanSino Bio advances COVID-19 vaccine into phase 2 on preliminary safety data". FiercePharma (2020).
၃။ NHI, Primary Menu. "Recent advancements in COVID-19 treatment regimes, research and development in global and Indian Scenario." (2020).
၄။ News-International Vaccine Institute. "IVI, INOVIO, and KNIH to partner with CEPI in a Phase I/II clinical trial of INOVIO's COVID-19 DNA vaccine in South Korea"(April 2020).
၅။ Trial Site News. "University of Oxford commences clinical trial for vaccine candidate (ChAdOx1 nCoV-19) Targeting COVID-19" (13 April 2020).
၆။ Wang, Chunyan, et al. "A human monoclonal 1 antibody blocking SARS-CoV-2 infection." Biorxiv (2020).
၇။  https://clinicaltrials.gov/
Share:

0 coment�rios:

Post a Comment