The Secrets of Heaven and Hell (ကောင်းကင်ဘုံနှင့်ငရဲပြည် ပမာ)

အသက်ကြီးကြီးနဲ့ ဘုန်းကြီးတစ်ပါး လမ်းဘေးတစ်နေရာမှာ ငြိမ်သက်စွာ ထိုင်နေတယ်။ လက်နှစ်ဘက်လုံး ပေါင်ခွင်မှာ ချထားလျက် မျက်စိမှိတ်ပြီး တရားအားထုတ်နေတာ ဖြစ်တယ်။




ဂျပန် စစ်သား တစ်ယောက် ရုတ်တရက် ဝင်လာပြီး "အဘိုးကြီး! ကောင်းကင်ဘုံ နှင့် ငရဲပြည် အကြောင်း  ငါ့ကို ပြောပြစမ်း!" ဟု ရက်စက် ကျယ်လောင်စွာ မေးလိုက်တဲ့အတွက် ဘုန်းကြီးရဲ့ အာရုံတစ်ခုလုံး ပျက်စီးသွားတော့တယ်။

ဒါပေမဲ့ ဘုန်းကြီးက ဘာမှမကြားလိုက်သလို အေးအေးဆေးဆေး ထိုင်နေပြီး ဘာတုံ့ပြန်မှုမှ မပေးဘဲ ခပ်တည်တည်ဘဲ နေလိုက်တယ်။

စက္ကန့် အနည်းငယ် ကြာလာတော့ ဘုန်းကြီးက သူ့မျက်လုံးတွေဖွင့်ပြီး တစ်ဖြည်းဖြည်းနဲ့ စစ်သား ဘက်ကို  မောကြည့်ရင်း ချစ်ခင်ကြင်နာစိတ် အပြည့်နဲ့ ...

"ခင်ဗျားက အဲဒီ အကြောင်းကို တကယ် မသိသေးဘူးပေါ့...  ရွံစရာကောင်းလောက်အောင် ခင်ဗျားက အရမ်း ညစ်ပတ်သေးတယ်.... ဆံပင်ဖြီးဖူးတဲ့ပုံလည်း မပေါက်.... အသံကလည်း ခပ်ရိုင်းရိုင်း.... လက်ထဲမှာ ကိုင်နေတဲ့ ဓါးရှည်ကြီးကလည်း အလွန် ကြောက်စရာကောင်း.... ခင်ဗျားလို လူမျိုးတွေ အမေဖြစ်တဲ့သူတွေက ချစ်တတ်ကြတာ အံ့သြလို့မဆုံးဘူး.... ဟု ဆက်တိုက်ပြောနေတော့ စစ်သားလည်း မျက်နာရဲလာပြီး အလွန် စိတ်တိုသွားတယ်။

ချက်ခြင်းဘဲ သူ့ ဓါးကို ထုတ်ယူ၍ ဘုန်းကြီးကို သတ်ဖြတ်ဖို့ ပြင်နေပါတော့တယ်။

အဲဒီတော့ ဘုန်းကြီးက "ဒါ ငရဲပြည်ပါပဲ သား..." ဟု တဆတ်ဆတ် တုန်နေရင်း ညင်သာစွာ ဆိုလိုက်တယ်။

အဲဒီ အသံ ကြားလိုက်တာနဲ့ စစ်သားရဲ့ စိတ်တစ်ခုလုံး ပြောင်းလဲသွား ပြန် တော့တယ်။ မျက်နာ တဆတ်ဆတ် တုန်နေတဲ့ ဘုန်းကြီးရဲ့ သနားစရာကောင်းလှတဲ့ အဖြစ်ကို သူ မကြည့်ဝံ့တော့ဘူး...

သူ့ရဲ့ ချိန်းခြေက်မှုအောက်မှာ  အလွန်ကြောက်နေတဲ့ ဘုန်းကြီးအပေါ် စိတ်မကောင်းဖြစ်နေတဲ့အတွက် မျက်ရည်ပင်ကျလာကာ သူ့ဓါးကြီးကို ပြန်သိမ်းလိုက်တော့တယ်။

ဒီတစ်ခါကျတော့ ဘုန်းကြီးက "ဒါ ကောင်းကင်ဘုံပေါ့ဗျာ..."

ပုံပြင်ကတော့ ဒီလောက်ပါပဲ။

တခါတလေ ကျွန်တော်တို့က ဘာလိုအပ်ချက်မှ မရှိဘဲ ပျှော်စရာကြီးဘဲ ဖြစ်နေတဲ့ ကောင်းကင်ဘုံ ဆိုတာ ဟိုး အဝေးကြီးမှာဘဲ ရှိပြီး နောင်ဘဝကျမှဘဲ ခံစားလို့ရတယ်လို့ ယုံကြည်ကြတယ်။

ဒါမမှားပါဘူး။ သို့သော် ကောင်းကင်ဘုံလိုမျိုး ပျှော်စရာကောင်းတဲ့ နေရာ/ဘဝ ဆိုတာ ခင်ဗျားအနား/လက်ထဲမှာ အမြဲရှိနေတယ်ဆိုတာ သိထားဖို့လိုတယ်။ အဲဒါကို ခင်ဗျား ပိုင်ချင်၊မပိုင်ချင်.... ခင်ဗျား ဆုံးဖြတ်ဖို့သာ ဖြစ်တယ်။

Source: `The Secrets of Heaven and Hell´ by Father John W. Groff Jr.

Share:

0 coment�rios:

Post a Comment