Communist ခါင်းဆောင်ကြီး Karl Marx

Karl Max

Karl Marx လို့ပြောရင် မသိတဲ့သူမရှိဘူး။ Jew (ဂျူး)လူမျိုး၊ Germany မှာကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ပေါ့။

မကသေးဘူး၊ သူက၂၀ ရာစုတစ်စုလုံးမှာ ကမ္ဘာလူသားအားလုံးရဲ့ ၃ပုံ ၂ပုံ ကျော်ကျော်ကို လွမ်းမိုးနိုင်စွမ်းရှိခဲ့တဲ့ အရမ်းအောင်မြင်တဲ့ ခေါင်းဆောင် တစ်ပါးလည်းဟုတ်တယ်။

သူ့ရဲ့ ယုံကြည်မှုက ` ဘာသာရေးက လူတွေကို ဘိန်းစွဲသလို စွဲစေတယ်၊ တကယ်ဆို ဘုရားဆိုတာလဲ ရှိတာမှမဟုတ်ဘဲ´ ဟု ခိုင်ခိုင်မာမာ ပြောခဲ့ဖူးတယ်။

တကယ်တမ်းကျတော့ ဒီ ပုဂ္ဂိုလ်ဟာ သူ ငယ်ငယ်ကတည်းက ဒီလိုမျိုးယုံကြည်မှု ရှိခဲ့တာမဟုတ်ဘူး။သူ့အဖေကို တကယ်တန်ဖိုးထားပြီး ဘာသာတရား အလွန် ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်တယ်။

သူ ဆယ်ကျော်သက်အရွယ်တုန်းက သူတို့နေထိုင်ရာကနေ အခြားတနေရာသို့ အဓမ္မပြောင်းရွှေ့ခံခဲ့ရပါတယ်။

အဲဒီနေရာသစ်မှာ ဂျူးဘုရားကျောင်းဆိုတာမရှိဘူး၊ Lutheran ဘုရားကျောင်းဘဲရှိတယ်။

တစ်နေ့ သူ့အဖေက သူတို့ မိသားစုထဲမှာ ကြေညာချက်တစ်ခု ရုတ်တရက် ထုတ်လိုက်တယ်။

သူတို့ယုံကြည်ကိုးကွယ်နေတဲ့ ဂျူးတို့ရဲ့ အစဉ်အလာအားလုံးကို စွန့်ပြီး Lutheran အသင်းဝင်ဖို့နဲ့ အဲဒီ ဘုရားကျောင်းမှာဘဲ တက်ကြဖို့ဖြစ်တယ်။

အဲဒီအခါ အရမ်းအံ့သြတဲ့ မိသားစုက ဘာကြောင့်လဲဟု မေးလိုက်တော့ သူ့အဖေက သူ့စီးပွါးရေးအတွက် ပိုကောင်းလာမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီလို လုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်း Karl Marx ဆိုတဲ့ လူငယ်လေးက စိတ်ပျက်သွားပြီး မတွေးသင့်တဲ့ အတွေးအခေါ်တွေရလာကာ နောက်ဆုံးတော့ Communist Movement တည်ထောင်သူအထိ ဖြစ်သွားခဲ့တယ်။

Karl Marx ကတော့ သူ့အဖေကြောင့် သူ့ရဲ့ ဘဝ တစ်ခုလုံး ပျက်စီးသွားခဲ့ပြီ။

ခင်ဗျား အခု ဘာလုပ်မှာလဲ.....
ခင်ဗျားကို တန်ဖိုးထားတဲ့ လူ ထောင်ပေါင်း များစွာရဲ့ ဘဝ တွေကို ပျက်စီးအောင် လုပ်ဖို့ ဝန်မလေးဘူးမဟုတ်လား? ခင်ဗျားအတွက် အဆင်ပြေဖို့ဆိုရင် ခင်ဗျား ဘာမဆိုလုပ်ရဲတယ် မဟုတ်လား? ကျွန်တော်တို့ နေက်လိုက်သမားတွေကိုလည်း ဒီတခါလေးတေါ့သနားလိုက်ပါ ခေါင်းဆောင်/ဖခင်ကြီးရေ....

Share:

0 coment�rios:

Post a Comment