ရှေးခေတ်တုန်းက တရုတ်ပြည်မှာနေတဲ့လူတွေက လုံခြုံမှုရဖို့နှင့် ရန်လိုကျူးကျော်မှုကို ကာကွယ်ဖို့အတွက် Great Wall လို့ နာမည်ကြီးတဲ့ ကမ္ဘာကျော် နံရံအကြီးကြီးကို ဆောက်လုပ်ခဲ့ကြတယ်။
အဲဒီ နံရံကြီးက မြင့်လွန်းတဲ့အတွက် ဘယ်သူမှ ကျော်တက်နိုင်မှာမဟုတ်သလို ထူလွန်းတဲ့အတွက် ဘယ်သူမှ ထူးဖောက်ဝင်ရောက်နိုင်မှာမဟုတ်ဘူးဟု ယုံကြည်ခဲ့ကြတယ်။ တံတိုင်းကြီးဆောက်ပြီးနောက် လုံခြုံစိတ်ချရပြီဆိုပြီး စိတ်ချမ်းသာသာနဲ့ နေခဲ့ကြတယ်။
မဟာတံတိုင်းကြီး တည်ဆောက်ပြီး နှစ်ပေါင်းတစ်ရာအတွင်းမှာဘဲ အဲဒီ တရုတ်ပြည်ကြီးကို သုံးကြိမ်တိုင်တိုင် ကျူးကျော်ခံခဲ့ရပါတယ်။
ရိုင်းစိုင်းသော လုယက်တိုက်ခိုက် သမားတွေက တံတိုင်းကြီးကို ဖြိုလည်းမဖြိုသလို ကျော်လည်းမတက်ခဲ့ကြပါ။ ကျူးကျော်ဖို့ ဝင်ရောက်လာတိုင်း ဂိတ်စောင့်ကို လာဘ်ထိုးပြီး ဂိတ်ပေါက်တည့်တည့်ကနေ ဖြတ်ဝင်ကြတာဖြစ်တယ်။
ရိုင်းစိုင်းသော လုယက်တိုက်ခိုက် သမားတွေက တံတိုင်းကြီးကို ဖြိုလည်းမဖြိုသလို ကျော်လည်းမတက်ခဲ့ကြပါ။ ကျူးကျော်ဖို့ ဝင်ရောက်လာတိုင်း ဂိတ်စောင့်ကို လာဘ်ထိုးပြီး ဂိတ်ပေါက်တည့်တည့်ကနေ ဖြတ်ဝင်ကြတာဖြစ်တယ်။
တရုတ်တွေက တံတိုင်းဆောက်ဖို့ ကျောက်တုံးတွေ စီရတာကိုပဲ အာရုံစိုက်ခဲ့ကြပြီး သူတို့ကလေးတွေကိုတော့ ရိုးသားဖြောင့်မတ်ခြင်း သင်ပေးဖို့ မေ့နေခဲ့ကြတယ်။
John C. Maxwell ၏ Developing the Leader Within You စာအုပ်၊ စာမျက်နှာ ၄၂၊ ပထမစာပိုဒ်ကို ဘာသာပြန်ဆိုလိုက်တာပါ။
ဘယ်နိုင်ငံမဆို ရိုးသားဖြောင့်မတ်ခြင်း မရှိသရွေ့ မှန်ကန်တဲ့ ငြိမ်းချမ်းမှုဆိုတာ ရှိနိုင်မှာမဟုတ်သလို၊ လာဘ်ထိုးမှုရှိနေသေးသရွေ့လည်း မှန်ကန်တဲ့ တိုးတက်မှု ရှိနိုင်မှာမဟုတ်ဘူးဆိုတာ ဒီသမိုင်းက သာဓကပြနေတာ အမှန်ဘဲ။
0 coment�rios:
Post a Comment