East Coast, USA မှာနေတဲ့ Bishop တစ်ပါးဟာ Midwestern ဘာသာရေးကောလိပ်ငယ် တစ်ခုသို့ သွားရောက်ခဲ့ပြီး ကျောင်းဥက္ကဌရဲ့အိမ်မှာ တည်းခိုခဲ့ပါတယ်။ အဲဒီကျောင်းဥက္ကဌဟာ ရူပဗေဒနဲ့ ဓါတုဗေဒ ဘာသာရပ်တွေ သင်နေတဲ့ ပါမေက္ခလည်းဖြစ်ပါတယ်။
ညစာစားပြီးတဲ့အခါ Bishop က ဒီလို စကားဆိုလိုက်တယ်။
"တို့ သန်းပေါင်းများစွာသော လူတွေဟာ သိပ်ကွာဟကြတော့မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သဘာဝအကြောင်းတွေအားလုံးကို လူတွေ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သလို၊ တီထွင်စရာတွေအားလုံးကိုလဲဘဲ လူတွေက တီထွင်ဖန်တီးနေကြပြီဖြစ်တယ်။"
"တို့ သန်းပေါင်းများစွာသော လူတွေဟာ သိပ်ကွာဟကြတော့မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သဘာဝအကြောင်းတွေအားလုံးကို လူတွေ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သလို၊ တီထွင်စရာတွေအားလုံးကိုလဲဘဲ လူတွေက တီထွင်ဖန်တီးနေကြပြီဖြစ်တယ်။"
ငယ်ရွယ်လှသော ကောလိပ်ဥက္ကဌက Bishop ပြောသွားတဲ့ဟာကို သဘောမတူနိုင်ကြောင်း ရိုးရိုးသားသားနဲ့ ပြောပြလိုက်ပါတယ်။ သူ့အမြင်မှာတော့ စူးစမ်းရှာဖွေ တွေ့ရှိဖို့ အများကြီးရှိနေသေးတယ်ဆိုတာကို သူ ဖွင့်ဟလိုက်တာနှင့် Bishop ကြီး ဒေါသထွက်လာပါတော့တယ်။
သူ ယူဆတဲ့အတိုင်းဖြစ်လာမယ့် ဆန်းသစ်တီထွင်မှု တစ်ခုလောက် ပြောပြဖို့ Bishop က စိန်ခေါ်ပါတော့တယ်။ အဲဒီတော့ ဥက္ကဌက လာမယ့်အနှစ် ၅၀ အတွင်းမှာ လူတွေဟာ ပျံသန်းနိုင်မယ်ဆိုတာ သူ သေသေချာချာ ယုံကြည်နေကြောင်း ပြောပြခဲ့ပါတယ်။
"အဓိပ္ပါယ်မရှိလိုက်တာ" ဟု စိတ်တိုတိုနှင့် Bishop က "နတ်သမီးတွေတော့ ပျံသန်းနေမှာပေါ့" လို့ ဆက်ဆိုလိုက်ပါတော့တယ်။
အဲဒီ Bishop ရဲ့အမည်က Wright ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပါတယ်။ သူ့သားနှစ်ယောက်က သူထက် အမြင်ကျယ်ပါတယ်၊ ကြီးမားတဲ့ အနာဂတ်ပုံရိပ်တွေ သူတို့မှာရှိနေကြောင်း သက်သေပြနိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့အမည်တွေကတော့ `Orville နဲ့ Wilbur´ တို့ဖြစ်ပါတယ်။
သားနှစ်ယောက်နဲ့ ဖခင်ဟာ ကောင်းကင်တစ်ခုရဲ့အောက်မှာ အတူနေခဲ့ကြပေမဲ့ အမြင်ချင်းကတော့ လုံးဝ ကွဲနေခဲ့ပါတယ်။
ဟုတ်ပါပြီ... အခု ခင်ဗျား ဘာမြင်နေသလဲ..... ခင်ဗျားမြင်နေတာ ခင်ဗျားရနေမှာ သေချာတယ်။
The Wright Brothers |
0 coment�rios:
Post a Comment