An Invaluable Experience (တန်ဖိုးကြီးလှတဲ့ အတွေ့အကြုံတစ်ခု)

ကျွန်တော်အရမ်းလေးစားနေတဲ့ ဆရာကြီးတစ်ယောက်က ကျွန်ပ်ကို ခေါ် မေးလိုက်တယ်၊

"မင်း... မျက်မှန်တပ်နေတာ... မျက်စိ ဘာဖြစ်နေလို့တုန်း..." (ကျွန်တော့အတွက် စိတ်ပိုပုံနဲ့ပေါ့)

"မျက်စိပျက်စီးနေပြီ... ဆရာကြီးရဲ့..."

"အဝေးလား...အနီးလား..."

"အဝေးပါ ဆရာကြီး..."

"Power ဘယ်လောက်လဲ?"

"Power တော့ မသိဘူးဆရာကြီး.. ဆရာဝန်မပြောသွားဘူး"

"ဟား... တာတော့ သိထားရမှာပေါ့...သိအောင်လုပ်ရမှာပေါ့.. ငါ့ မျက်မှန် Power ဘယ်လောက် ဆိုတာ ငါ သိတယ်။ ဆေးခန်းပြတုန်းက စာအုပ်ထဲမှာ မင်း ဆရာဝန် ရေးပေးထားမှာဘဲ..."

ကျွန်တော် ဘာပြန်ပြောရမှန်းမသိ, ရှက်သွေးဖြန်းနေတော့သည်။

အရင်က မျက်စိနဲ့မျက်မှန် ကိုက်ညီဖို့ကလွဲရင် ကျန်တဲ့ကိစ္စတွေ ခေါင်းထဲ ထည့်စဉ်းစားမထားတာ
အခုတော့ တွေ့ပြီ.. အရှက်ကွဲရပြီ..
ဒါနဲ့ အိမ်ပြန်ရောက်ရောက်ခြင်းပဲ
ဆေးခန်းပြတုန်းကစာအုပ်ကို လိုက်ရှာပြီးကြည့်လိုက်ရတော့တယ်...

ကြည့်ပြန်တော့လည်း

MC Lens High Quality sph uv-400 pro.

ဆိုတဲ့စာကလွဲရင် ကျန်တဲ့ဟာတွေ တစ်လုံးမှ မဖတ်တတ်တော့ဘူး... ဘာရေးထားမှန်းတောင်မသိ ဖြစ်နေရတယ်၊

Power ကိစ္စ မတွေ့တော့ မကျေနပ်နိုင်သေးဘူး....
ပြခဲ့တဲ့ ဆေးခန်းကို သွား မေး လိုက်တယ်...
ကျွန်တော့ကို တွေ့လိုက်တာနဲ့ ဆရာဝန်က...

"ဆရာ.. အဆင်မပြေဘူးလား..."

စိတ်ပိုပိုနဲ့ကျွန်ပ်ကို မေးလိုက်တယ်။

"အဆင်ပြေပါတယ်... မျက်မှန် power သိချင်လို့ပါ.."

ခပ်ပြုံးပြုံးနဲ့ ဆရာဝန်က စာအုပ်ကိုကြည့်ရင်း..

"အော်.. ရေးဖို့ ငါ မေ့သွားတာ.."တဲ့

မေ့တတ်သူ အချင်းချင်း တွေ့နေရတော့ ခက်ပြီပေါ့...

ဘယ်နေရာမဆို ပေါ့ဆလွန်းတာ မကောင်းပါလား...

တစ်ခါတစ်လေ ကိုယ်က အရေးမပါဘူးဆိုပြီး ခေါင်းထဲထည့်မထားတဲ့ ကိစ္စ တစ်ချို့ကို အလေးထားပြီး သိထားရမယ့် ကိစ္စလေးတွေ ဖြစ်နေတတ်တာပါပဲလား...

ဆိုတဲ့ အသိတစ်ခု ရသွားခဲ့ပါတယ်....

ဘာမဆို အလေးထား ဆောင်ရွက်တတ်ကြပါစေ...


Share:

0 coment�rios:

Post a Comment