"ငါ့သား... ဘာဖြစ်လို့ ကျောင်းမသွားချင်တော့တာလဲ"
"ကျွန်တော် စာသင်ရတာ ငြီးငွေ့နေလို့ပါ ဖေဖေ...ပြီးတော့ စာသင်နေလို့လည်း ဘာမျှအကြောင်းထူးမယ် မထင်တော့လို့ပါ..."
"အော်... မင်းက ပညာတွေ အတော် တတ်နေပြီ မှတ်လို့လား...?"
"ပြီးခဲ့တဲ့ သုံး လ လောက်တုန်းက ကျောင်းထွက်ခဲ့တဲ့ ကျွန်တော့သူငယ်ချင်းလောက်တော့ တတ်တယ်ဆိုရမှာပါပဲ ဖေဖေရဲ့...
သူပြောတော့ သူ့အဖေက သူဌေးဖြစ်နေလို့ ကျောင်းနေဖို့မလိုတော့ဘူး တဲ့"
သူပြောတော့ သူ့အဖေက သူဌေးဖြစ်နေလို့ ကျောင်းနေဖို့မလိုတော့ဘူး တဲ့"
အဲဒီတော့ မင်းလည်းကျောင်းတက်ဖို့ မလိုတော့ဘူးပေါ့... ခဏနေဦးကွာ... ဖေဖေပြောမယ်...
"မင်းစာမသင်ချင်တော့လို့ ကျောင်းမနေချင်တော့တာ ငါ လက်ခံတယ်... သို့သော် မင်း ကျောင်းထွက်ပြီ ဆိုရင် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လေလွင့်နေမှာတော့ ငါလက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ဘူးကွာ... ဟုတ်ပြီ... ငါ့နောက်လိုက်ခဲ့စမ်း..."
"မင်းစာမသင်ချင်တော့လို့ ကျောင်းမနေချင်တော့တာ ငါ လက်ခံတယ်... သို့သော် မင်း ကျောင်းထွက်ပြီ ဆိုရင် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လေလွင့်နေမှာတော့ ငါလက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ဘူးကွာ... ဟုတ်ပြီ... ငါ့နောက်လိုက်ခဲ့စမ်း..."
သူတို့ သားအဖ တစ်နေရာသို့ သွားလိုက်သည်။ ထိုနေရာ ရောက်တော့...
"သူငယ်ချင်း တွေ့ရတာ အရမ်းဝမ်းသာတယ်... ဒါပေမဲ့ ဒီလိုနေရာမှာ တွေ့ရတဲ့အတွက် စိတ်မကောင်းဘူး..."
"ဒါပေါ့ သူငယ်ချင်းရာ.. မင်းနဲ့ငါ နောက်ဆုံးတွေ့တုန်းက မင်းရဲ့အနာဂတ်အလားအလာတွေ ငါ့ထက်တောင် ကောင်းနေသေးတဲ့ဥစ္စာ အခုကျတော့ ဒီနေရာ ရောက်နေတာ ငါလည်းစိတ်မကောင်းဘူးဟ..."
"အဲဒါပြောတာပေါ့ သူငယ်ချင်းရာ... ငါ့အဖေ သူဌေးဖြစ်နေလို့ မာဏတွေထောင်၊ စာစိတ်မ၀င်စား၊ နေချင်သလိုနေခဲ့မိတာ... အဖေက အမွေတော့ ခွဲပေးလျက်သား ငါ့မှာပညာမဲ့စွာနဲ့ စီမံခန့်ခွဲလိုက်ရတော့ အားလုံး ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး... နောက်ဆုံးတော့ ဒီနေရာရောက်နေရတာပေါ့... အခုတော့ ဘယ်ချိန်လွတ်လာရမယ် ဆိုတာ ပြောလို့မရတော့ဘူး..."
မျက်ရည် တစ်ဝဲ၀ဲကျလျက် ရင်ဖွင့်နေတဲ့ ထောင်ထဲကဦးလေးကြီးကိုတော့ ဒီသားအဖနှစ်ယောက်က ကြည့်တောင်မကြည့်ဝံ့တော့ဘူး...
"ကဲသူငယ်ချင်းရာ.. အချိန်တန်ရင် ထွက်ရမှာပါ... စိတ်ဓာတ်မကျပါနဲ့ဟ... တို့လည်းလစ်တော့မယ်.. သားလေးကျောင်းသွားဖို့ ညှိစရာတွေ ရှိသေးလို့..."
"နေဦးဟ...သူလား... သူငယ်ချင်းရဲ့သားလား"
"ဟုတ်တယ်... ကျွန်တော့သား အကြီးဆုံးလေ..."
"သူငယ်ချင်းရာ... သူ... ကျွန်တော် ကျောင်းထွက်ခါစတုန်းကအရွယ် လောက်ပဲနော်...."
"ဟုတ်ပါ့ဗျာ... ခုသူလဲပဲ ကျောင်းမနေချင်တော့တာဗျာ... ကဲ... ထားလိုက်ပါ...တို့ တကယ်သွားလိုက်တော့မယ်... မြန်မြန်ထွက်လာနိုင်ဖို့ ဆုတောင်းပေးပါတယ်..."
အိမ်အပြန်လမ်းမှာ ကားမောင်းနေရင်း
"သားရေ.. ထောင်ကိုသွားကြည့်တာ ဘယ်လိုသဘောရလဲ..."
"တနင်္လာနေ့ကျရင် ကျွန်တော် ကျောင်းပြန်တက်ပါတော့မယ် ဖေဖေ..."
အကြမ်းဖက်နည်းထက် အနုနည်းနဲ့ စံနမူနာ ပြတတ်တာ ပိုပြီးထိရောက်တတ်တာ တကယ်ပါလား...
ဆိုတဲ့အသိစိတ်ရလာခဲ့တာနဲ့ အိမ်ပြန်ရောက်နေလေပြီ...
ဆိုတဲ့အသိစိတ်ရလာခဲ့တာနဲ့ အိမ်ပြန်ရောက်နေလေပြီ...
0 coment�rios:
Post a Comment