Control Yourself (ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်မှ)


Control Yourself (Control Your Mind)
အမတ်လောင်းတစ်ဦးက သူ့နိုင်ငံရေးပါတီ အနိုင်ရရေးအတွက် ၀ါရင့်နိုင်ရေးသမားတစ်ယောက်ဆီ ပညာသွားသင်ခဲ့ပါသတဲ့...

ဆရာကြီးက အကျိုးအကြောင်းတစ်ချို့ပြောပြပြီး

"ငါ့ညွှန်ကြားချက်တွေကို မင်း ဖောက်ဖျက်တိုင်း ၅ ဒေါ်လာ ဒဏ်ဆောင်ရမယ်ဆိုရင် မင်းကျေနပ်မယ်လား"

"ဟုတ်ကဲ့၊ ရပါတယ်ဆရာကြီး... ဘယ်တော့စ, ရမှာလဲ..."

"အခု ချက်ချင်းပဲ စ, ကြတာပေါ့ခင်ဗျာ။ ပထမဆုံး သင်ခန်းစာကတော့ ခင်ဗျားရဲ့အကြောင်းတွေ တစ်ယောက်ယောက်က နှစ်ပြားမတန်သွားပုပ်လေလွင့်အောင် ပြောနေမယ်ဆိုရင် လုံးဝစိတ်မဆိုးဖို့ပါပဲ။ တစ်ချိန်လုံး ကိုယ့်စိတ်ကို ကိုယ်နိုင်အောင်ထိန်းထားရမယ်။"

"ဟာ... ဒီလောက်တော့ လိုက်နာနိုင်ပါတယ်... ဘယ်သူတွေ ဘာပြောပြော လုံးဝ ဂရုမစိုက်ဘူး..."

"ကောင်းတယ်။ သို့သော် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ခင်ဗျားလိုနိုင်ငံရေးပါးမ၀သေးတဲ့ လူလိမ်လူကောက်တစ်ယောက်ကို ၀င်ပြီး အမတ် အရွေးခံမှာကိုတော့ ငါ မလိုလားဘူးကွာ.."

"ဆရာကြီး ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ ဟ"

"ကျေးဇူးပြုပြီး ဒဏ်ငွေ ၅ ဒေါ်လာ"

"ဟုတ်ပါ့ဗျာ... ဒါ သင်ခန်းစာပါပဲ"

"အေးလေ... မင်းက လွှတ်ခနဲစိတ်ထွက်သွားတာကိုး... ဒါ လေ့ကျင့်ဖို့သင်ခန်းစာ မဟုတ်ဘူး... ကျွန်ပ်ကအမှန်တိုင်းပြောလိုက်မိတာ..."

"ဆရာကြီးနော်... ကျုပ်ကိုစော်ကားပြန်ပြီ..."

"နောက်ထပ် ၅ ဒေါ်လာပေး။"

"ဟိုက်... ခဏလေးနဲ့ ၁၀ ဒေါ်လာ ပါသွားပြီ.."

"ကျွန်တော်နဲ့ ရှေ့ဆက်ချင်တယ်ဆိုရင်တော့ ပေးရမှာပဲ။ အကြွေးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ။ နာမည်ပျက်စာရင်းဝင်တာထက်စာရင် အများကြီးတော်ပါသေးတယ်..."

"ဟာ... ခင်ဗျား အတော်ဆိုးတာပဲ"

"ကဲ ၅ ဒေါ်လာ ပါပဲ"

"သင်ခန်းစာ ယူလို့မဆုံးတော့ပါလား... ကျွန်တော်လဲ သတိလစ်လစ်သွားတာကိုး။ နောက်တစ်ခါ စိတ်မဆိုးမိအောင် သတိထားထိန်းရတော့မှာပဲ"

"ကျုပ်ပြောခဲ့သမျှပြန်ရုတ်သိမ်းပါတယ်... တကယ်ဆို ကျွန်တော်စိတ်ရင်းနဲ့ပြောတာ မဟုတ်ဘူး...မင်းမှာ လေးစားထိုက်တဲ့ အရည်အချင်းတွေရှိပြီးသားပါ...မင်းက အောက်တန်းစားလူတစ်ယောက် ဖြစ်သလို၊ မင်းရဲ့အဖေလည်း သိက္ခာမဲ့သလောက် အကျင့်တန်တဲ့လူ ဆိုပဲ"

"ခင်ဗျာ.... ခင်ဗျာ.... လူယုတ်မာ"

"ဒါဆို ၅ ဒေါ်လာထုတ်လိုက်ပါဦး"

စိတ်မထိန်းချုပ်နိုင်လို့ ပေးလိုက်ရတဲ့တန်ဖိုးတွေက မနည်းတော့ပါ။
နောက်ဆုံးကျတော့ ဆရာကြီးက ခု လို ဆုံးမပါသတဲ့။

"ဒီမှာ ၅ ဒေါ်လာတစ်ရွက်နေရာမှာ မဲတစ်မဲသာ ဖြစ်နေရင် ခင်ဗျား ဘယ်လို လုပ်မလဲ။ စိတ်ဆိုးသွားတိုင်း မဲတွေ ရှုံးရမယ်ဆိုရင် ဘယ်လိုလို့အရွေးခံရတော့မလဲ။ မဲ တစ်လုံးဟာ ၅ ဒေါ်လာထက် တန်ဖိုးရှိတယ်မဟုတ်လား..."


Share:

0 coment�rios:

Post a Comment