အကောင်းဆုံးဆိုတာ (What does the best mean to)

အကောင်းဆုံးဆိုတာ...


သင်သည်
တောင်ထိပ်မှာ ပေါက်နေတဲ့ ထင်းရှူးပင်မဖြစ်နိုင်ရင်
တောင်ကြားမှာပေါက်တဲ့ ချုံပင်လေး ဖြစ်ပါစေ။

သို့သော်
အကောင်းဆုံး ချုံပင်လေးတော့ ဖြစ်ပါစေ။ သစ်ပင်မဖြစ်နိုင်ရင် ချုံပင်ပေါ့။

သင်သည်
ချုံပင်လေးလည်း မဖြစ်နိုင်သေးဘူးဆိုရင် မြက်ပင်တစ်စုတော့ ဖြစ်ပါစေ။

သို့သော်
လူတွေကို ပျှော်ရွှင်မှုပေးနိုင်တဲ့  မြက်ပင်မျိုးတော့ ဖြစ်ပါစေ။

သင်သည်
လမ်းမကြီးမဖြစ်နိုင်ရင် လူသွားလမ်းကလေးဖြစ်ပါစေ။

သို့သော်
ခရီးရောက်အောင်ပို့ပေးနိုင်တဲ့
လမ်းကလေးတော့ဖြစ်ပါစေ။

သင်သည်
နေမင်းကြီးမဖြစ်နိုင်ရင် ကြယ်ပွင့်ကလေးတစ်ပွင့်ဖြစ်ပါစေ။

သို့သော်
အမှောင်တွေကြားမှာ လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်မျိုးတော့ ဖြစ်ပါစေ။

ထိပ်ဆုံးမှာနေရသူတွေက အကောင်းဆုံးတွေဖြစ်နိုင်သလို
အောက်ဆုံးမှာနေရသူတွေလည်း
အကောင်းဆုံးတွေ ဖြစ်နိုင်ပါတယ်။

တို့တွေ အားလုံးဟာ ခေါင်းဆောင်မဖြစ်နိုင်ပေမဲ့ နောက်လိုက်ကောင်းများ ဖြစ်ရမယ်။

ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ အလုပ်မှန်သမျှ လုပ်လိုစိတ်ရှိရမယ်။

တို့တွေအားလုံးဟာ အကောင်းဆုံးကို ပိုင်ဆိုင်နိုင်ကြတဲ့ လူတွေပါ။


Share:

0 coment�rios:

Post a Comment