အသက် (၈) နှစ်ရှိမှသာ ကျောင်းနေရသူ
အသက် (၁၀) နှစ်လောက်အထိ ရောဂါနဲ့မကင်းပဲ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူးသူ
အသက် (၁၅) နှစ်ရှိတဲ့အချိန်မှာပင် အိပ်ရာပေါ် သေး ပါ ဖူးသူ
ထုံပေပေနေတဲ့အတွက် ခုံဖိနပ်နှင့်အပေါက်ခံရပြီး ခေါင်းပေါက်ဖူးသူ
သူ့မိဘနှင့်အများကပင် `အ´ နေမလားဟု စိုးရိမ်ရလောက်အောင် `ထူ´သောသူ
`အောင်ဆန်းတေမိ´ ဘွဲ့ရလောက်အောင် အေးစက်နေသူ
သူများရယ်တုန်းမရယ် အများရယ်ပြီးမှ တစ်ယောက်ထဲ ကျယ်လောင်စွာ အကြာကြီး ရယ်မောတတ်သူ
သူကတော့တခြားလူမဟုတ်ပါ။

ကိုထိန်လင်း (သို့)
မြန်မာနိုင်ငံ၏အမျိုးသားသူရဲကောင်း၊လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်ပါတယ်။

သူလောက် ထုံ၊ထူ၊အေးခဲတဲ့လူ မရှိသလောက်ပင်။
အကယ်၍လူတွေက သင့်ကို `အ´ တယ်လို့ ထင်ရလောက်အောင် သင်`ထူ´ နေမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို အောင်မြင်ကျော်ကြားတဲ့ ခေါင်းဆောင်ကောင်းတစ်ပါး ဖြစ်နိုင်ပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ဂါရဝပြုလျက်။
ဗိုလ်ချုပ်အောင်ဆန်းကို ဂါရဝပြုလျက်။
0 coment�rios:
Post a Comment